Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 21 October 2012

လိမ်ညာမှုထဲကနှုတ်ဆက်ခြင်း


ရိုးသားတယ်ဆိုပြီး မျက်နှာဖုံးကိုစွတ်ထား
အရမ်းချစ်မိတယ်ဆိုပြီး လှပသောစကားလုံးကိုခြွေ
စာနာတတ်တဲ့ငါ့ရဲ့စိတ်ကို မင်းလှည့်စား
မင်းရဲ့လုပ်ရပ်တွေကြောင့် ငါကလှည့်စားမချေပါဘူး
တစ်နေ့မင်းဝဋ်လည်မှာပါ....။
နောက်ဆုံးလက်ဆောင်တဲ့ ဘာတွေလာပေးဆပ်နေတာလဲ
မင်းလိပ်ပြာလုံတဲ့တစ်နေ့ ငါခပ်ပြုံးပြုံးလေးနဲ့ငေးနေမှာပါ
နာကျင်ဝမ်းနည်းမှုတွေ ပြည့်နေတဲ့လမ်းမထက်မှာ မင်းပျော်နိုင်ပါစေ
နှုတ်ဆက်ဖို့ဖုန်းခေါ်နေတာလား(2း00Pm)
ဆောရီးပဲ ငါ မင်းနဲ့ပတ်သက်တဲ့အရာတိုင်း
ဒီကဗျာလေးနဲ့ နှုတ်ဆက်ခဲ့မယ်
နာကျင်ထားသမျှငါ့ဘ၀မှာ သင်ခန်းစာအဖြစ်
ခံယူနေရင်းနဲ့ လှည့်စားတတ်တဲ့မင်းစကားလုံးတိုင်းကို
မေ့နိုင်အောင်ကြိုးစားသွားမှာပါ
ဖြစ်တည်မှုတိုင်းက ငါအဟုတ်လို့ထင်နေခဲ့တယ်
အမှန်တော့....မင်းရဲ့လိမ်ညာခြင်းတွေပဲလား
တကယ်လို့များမင်းနဲ့ကံမကုန်လို့ပြန်ဆုံဖြစ်ခဲ့ရင်
မကျေတဲ့ပွဲ နွဲဖို ငါအားတင်းကာကြိုးစားပြီး
ဘ၀ခရီးနှင်နေအုန်းမှာပါ..............။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့