Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 October 2012

ပြည်တွင်းထုတ် ပေါင်းဆန် တစ်တန်ကို ဒေါ်လာ ၁၀၀ ကျော် ဈေးနှုန်း ပိုမိုရရှိလာ


ပြည်တွင်းရဲ့ ပေါင်းဆန် တွေကို လက်ရှိမှာ ရုရှား နိုင်ငံသို့ တင်ပို့ လျက်ရှိပြီး ဒီလို တင်ပို့ရာမှာ ယခင်ကထက် အခုအခါ ပေါင်းဆန် တစ်တန်ကို ဒေါ်လာ
၁၀၀ ကျော် ဈေးနှုန်း ပိုမိုရရှိ လာတယ်လို့ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို တင်ပို့ရာမှာ တန်းမြှင့် ၅ ရာခိုင်နှုန်း ပေါင်းဆန်ကို ယခုလက်ရှိမှာ ၁ တန်ကို အမေရိကန် ဒေါ်လာ ၅၁၅ ဒေါ်လာမှ ၅၂၀ ဒေါ်လာ အကြား ရရှိနေပြီး ယခင်က ပေါင်းဆန် တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၀၀ ကျော်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ယခုလို ပေါင်းဆန် ဈေးကောင်းများ ရရှိလာမှုဟာ ပေါင်းဆန် အရည်အသွေးများ မြင့်မား လာစေဖို့ အတွက် အဆင့်မြှင့် ဆန်စက်များ အသုံးပြုမှု တွေကြောင့် ပေါင်းဆန် အရည်အသွေးမှာ ပိုမို ကောင်းမွန်လာပြီး ဈေးနှုန်းများ ပိုမိုရရှိ လာတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံသို့ ပေါင်းဆန် တင်ပို့မှုကို အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံ တို့ကလည်း တင်ပို့နေပြီး တစ်တန်ကို အမေရိကန် ၄၀၀ ကျော်သာ ရရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပေါင်းဆန်မှာ ယခင်ကထက် အရည်အသွေး မြင့်မား လာမှုကြောင့် တစ်တန်ကို အမေရိကန် ဒေါ်လာ ၅၀၀ ကျော်အထိ ရရှိလာ ခဲ့ပါတယ်။

ပေါင်းဆန်များကို ယခုလက်ရှိ ပြည်တွင်းမှာ ၀ယ်ယူ စားသုံးမှု လွန်စွာ နည်းပါးနေပြီး ပြည်တွင်းရှိ ပြည်သူများ ပေါင်းဆန် ပိုမိုစားသုံး လာဖို့အတွက် နောက်ပိုင်းမှာ ပေါင်းဆန်နဲ့ ပတ်သက်တဲ့ အသိပညာ ပေးခြင်းများနဲ့ ပေါင်းဆန်ရဲ့ အကျိုးရှိပုံ များကို ပြည်သူများ သိရှိအောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယခု လက်ရှိမှာ ပြည်တွင်းဆန် ထုတ်လုပ်မှု အရည်အသွေး တိုးတက်ရေး အတွက် နည်းပညာ၊ သွင်းအားစုနဲ့ အခြား လိုအပ်တဲ့ အရာတွေကို ဆောင်ရွက် လျက်ရှိပြီး ပြည်တွင်းမှာ ၂၅ တန် အထက် ဆန်စက် အလုံး နှစ်ထောင်ကျော်၊ တန် ၁၀၀နဲ့ ၂၀၀ အထက် ဆန်စက် အလုံး ၅၀ ကျော်၊ ၁၅ တန်အထက် ဆန်စက် နှစ်ထောင် ကျော်နဲ့ ဆန်စက် အသေးစားမှာ နှစ်သောင်း နီးပါး ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့