Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

ချစ်ခြင်းတရားနှင့်အချစ်

ကောင်မလေးတစ်ယောက်က လက်စွပ်လေးတစ်ကွင်းလိုချင်ခဲ့တယ် ။ ဒါပေမယ့်ကောင်လေးက ၀က်ဝံအရုပ်ကလေးပဲပေးခဲ့တယ် ။

ကောင်မလေးက ဒေါသထွက်ပြီး ၀က်ဝံရုပ်လေးကို လွှင့်ပစ်ခဲ့တယ် ။ ကောင်လေးက ၀က်ဝံရုပ်လေးကို အပြေးသွားပြီး ကောက်ခဲ့တယ် ။ အဲဒီအချိန်မမျှော်လင့်ပဲ အနားကို ကားတစ်စီးဖြတ်မောင်းလာပြီး ကောင်လေးကို တိုက်မိသွားတယ် ။ ကောင်လေး သေဆုံးသွားခဲ့ရတယ် ။

ကောင်လေးရဲ့ နာရေးအခမ်းအနားမှာပေါ့

ကောင်မလေးက ၀က်ဝံရုပ်လေးကိုပွေ့ဖက်ထားလိုက်တယ် ။ အဲဒီအခါ ၀က်ဝံရုပ်လေးအထဲမှာ အသံသွင်းစက်လေးက မြည်လာပြီး စကားသံထွက်လာတယ် ။

“ နင် ငါ့ကိုလက်ထပ်ပါလားဟင် ”

ပြီးတော့ ၀က်ဝံရုပ်ကလေးအတွင်းမှာ လက်စွပ်ကလေးတစ်ကွင်းကို ကောင်မလေးတွေ့လိုက်ရတယ် ။

###################

အချိန်တွေကတော့လွန်သွားခဲ့ရပါပြီ ဘယ်အရာကိုပဲဖြစ်ဖြစ် အလျှင်စလို ကောက်ချက်မချမိဖို့တော့လိုတယ်မဟုတ်လား ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့