Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

ရက်သား အသားတိုးဘဲများကို လဆိုင်း စနစ်ဖြင့် ရောင်းချပေး လျက်ရှိ


ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချ နိုင်ရေး လုပ်ငန်းများ အတွက် ဒေသ အသီးသီးရှိ မွေးမြူရေး ကုန်ထုတ် သမ၀ါယမ အသင်း အစုအဖွဲ့
များသို့ အသားတိုး ၀က်အပြင် အသားတိုး ဘဲကိုပါ အစုအဖွဲ့ စနစ်နဲ့ ၂ လဆိုင်း၊ ၄ လဆိုင်း စနစ်နဲ့ ရောင်းချပေးနေပြီ ဖြစ်တယ်လို့ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်းလုပ်ငန်း စီးပွားရေး အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလက်ရှိ မွေးမြူရေး အစားအစာနှင့် နို့ထွက် ပစ္စည်း လုပ်ငန်း မှာတော့ အသားတိုးဘဲ ကောင်ရေ စုစုပေါင်း သုံးသောင်း ကျော်ရှိနေပြီး နေပြည်တော် ကောင်စီ နယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်၊ ဘားအံစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ စုစုပေါင်း ဘဲကောင်ရေ နှစ်ထောင် ကျော်အထိ တင်ပို့ ရောင်းချပြီး ဖြစ်ပါတယ်။

အဲ့ဒီဒေသတွေ အပြင် ကျန်ဒေသ တွေကိုပါ တင်ပို့ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ရောင်းချ မှာတော့ အသားတိုး ရက်သား ဘဲငယ် ထီး/မ ရောရာ တစ်ကောင်ကို ၉၀၀ ကျပ် နဲ့ အသားတိုး ၃ ပတ်သား ဘဲလတ် ထီး/မ ရောရာ တစ်ကောင်ကို ၁၇၀၀ ကျပ်နှုန်းနဲ့ ၂ လဆိုင်း ၄ ဆိုင်း စနစ်နဲ့ ကျေးရွာ အရောက်ပို့ ရောင်းချ ပေးတာ ဖြစ်ပါတယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာနက အသားတိုး ဘဲများကို စာရင်းမှတ် စနစ်နဲ့ လဆိုင်း သမ၀ါယမ ၀န်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ အကြွေး ရောင်းချပေး နေပြီး အဆိုပါ မတည် ရင်းနှီးပေးတဲ့ ငွေတွေကို မိမိမွေးမြူ ထားတဲ့ အကောင်ရေ သက်တမ်း ပြည့်ပြီး ဈေးကွက်ကို ထုတ်ရောင်းတဲ့ အခါမှ ပြန်လည် ပေးဆပ် သွားရမှာ ဖြစ်ပါတယ်။

ပထမအကြိမ် ၀ယ်ယူ ထားတဲ့ အကြွေးကြေ သွားပြီး ဒုတိယ အကြိမ် ပြန်လည် မွေးမြူလိုပါက ပထမအကြိမ် အတိုင်းပဲ သက်ဆိုင်ရာ ၀န်ကြီး ဌာနက ကူညီပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အသားတိုး ဘဲပေါက်တွေကို ပြည်ပ နိုင်ငံက မှာယူတာ ဖြစ်ပြီး ပြည်တွင်း ရောက်မှ မျိုးပွားပြီး ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လဆိုင်း စနစ်နဲ့ ဘဲမွေးမြူ ရောင်းချလို သူတွေဟာ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက် ပစ္စည်းလုပ်ငန်း ဖုန်းနံပါတ် ၀၆၇-၄၀၈၀၆၀ နေပြည်တော်၊ ၀၁-၆၄၀၂၄၄၊ ၀၁-၅၈၅၄၂၄၊ ၀၉-၇၃၁၅၀၂၉၇ ရန်ကုန် တို့ကို ဆက်သွယ် မေးမြန်း စုံစမ်းနိုင် တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့