Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

ဆိုင်ကယ် တရားဝင် စီးနင်းခွင့်ရ ၀န်ထမ်းများ အတွက် သတ်မှတ်ယာဉ် စည်းကမ်း နံပါတ်များ ထုတ်ပေး သွားရန်ရှိ


လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ မော်တော် ဆိုင်ကယ်များ တရားဝင် စီးနင်းခွင့်ကို မြို့တော် စည်ပင်နဲ့ ရန်ကုန်မြို့တော် လျှပ်စစ်
ဓာတ်အားပေးရေး အဖွဲ့မှ သက်ဆိုင်ရာ ၀န်ထမ်း များကို စီးနင်းခွင့်များ ပေးထားတယ်လို့ သိရပါတယ်။ ဒီလို စီးနင်းခွင့်များ ပြုလုပ်ထား လျက်ရှိရာမှာ အဆိုပါ သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိ ၀န်ထမ်းများ နည်းတူ အခြား မသက်ဆိုင်တဲ့ သူများ မှလည်း လိုက်လံ စီနင်း လျက်ရှိပြီး အဆိုပါ စီးနင်းမှုကို ထိရောက်စွာ အရေးယူ နိုင်ဖို့အတွက် ဆိုင်ကယ် များကို သတ်မှတ်ယာဉ် စည်းကမ်း နံပါတ်များ ထုတ်ပေး သွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိ တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ ကြေးနန်းနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဌာန တစ်ခု တည်းမှ တာဝန်ယူ ဆောင်ရွက်မှာ မဟုတ်ဘဲ အဆိုပါ သတ်မှတ်မှုကို အကောင်းဆုံး ပုံစံတစ်ခု အနေနဲ့ သတ်မှတ်နိုင်ဖို့အခြား သက်ဆိုင်ရာ ဌာနဆိုင်ရာ များနဲ့လည်း ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက် နိုင်ပါက သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိ ၀န်ထမ်း မဟုတ်တဲ့ အခြားသော သူများ အလွယ်တကူ စီးနင်းခွင့် ရရှိဖို့ ခက်ခဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးရဲ့ စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိ သူများ စီးနင်းနိုင်ဖို့ ဆိုင်ကယ် စီးရေ ၃၃ စီးနဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများ စီးနင်းနိုင်ဖို့ အတွက် ဆိုင်ကယ်စီးရေ ၆၅ စီးကို စီးနင်းခွင့်ပြု ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့