Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

ပြည်တွင်းတွင် သုံးစွဲလျက် ရှိသည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများ တိုးမြှင့် ရောင်းချရန် သင့်မသင့် ဆွေးနွေးနေ


ပြည်တွင်းမှာ သုံးစွဲ လျက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများကို တိုးမြှင့် ကောက်ခံဖို့ သင့်၊ မသင့်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တစ်ခုကို အောက်တိုဘာလ
၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့က နေပြည်တော်ရှိ စွမ်းအင် ၀န်ကြီး ဌာနမှာ ကျင်းပ လျက်ရှိတဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေး လျက်ရှိတယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေးရာ မှာတော့ လက်ရှိ ပြည်တွင်းမှာ ရောင်းချ လျက်ရှိတဲ့ သဘာဝ ဓာတ်ငွေများရဲ့ ဈေးနှုန်းကို အများသုံး ဈေးနှုန်းနဲ့ တစ်ဦးတည်း သုံးကို ရောင်းချတဲ့ ဈေးနှုန်း ဆိုပြီး ကွာခြား ကောက်ခံဖို့ အတွက်ပါ ဆွေးနွေးနေ ကြတာ ဖြစ်ပါတယ်။ လက်ရှိ  ပြည်တွင်းမှာ သုံးစွဲနေတဲ့ သဘာဝ ဓာတ်ငွေ့ များကို စွမ်းအင် ၀န်ကြီး ဌာနမှ အရှုံးခံပြီး ရောင်းချ ပေးနေတာ ဖြစ်တယ်လို့ ၀န်ကြီးဌာနက ဆိုပါတယ်။ ဒီလိုဖြစ်ပေါ် နေရတဲ့ အတွက် အဆိုပါ ရောင်းချမှုများ အပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်း ဒါမှမဟုတ် ကောက်ခံသင့် ကောက်ခံ ထိုက်တဲ့ ဈေးနှုန်းများနဲ့ ရောင်းချမယ် ဆိုပါက ဆောင်ရွက်ဖို့ သင့်မသင့် တွေကိုပါ ဆွေးနွေး လျက်ရှိတာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အိုဟောင်း အစားထိုး လဲလှယ်မှု အတွက် ပြည်ပက တင်သွင်း လာတဲ့ မော်တော် ယာဉ်များကို စက်သုံးဆီ အစား သဘာဝ ဓာတ်ငွေ့ ပြောင်းလဲ တပ်ဆင်ခွင့် မပေး သေးခြင်းမှာ လက်ရှိ ပြည်တွင်းရဲ့ သဘာဝ ဓာတ်ငွေ့ သုံးစွဲမှု လုံလောက်မှု မရှိသေးတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် အိုဟောင်းယာဉ် လဲလှယ်မှု အတွက် မအပ်နှံခင် CNG အသုံးပြုတဲ့ ယာဉ်ဖြစ်ပါက ပြန်လည် တင်သွင်း လာတဲ့အခါ  ယခင် အိုဟောင်း ယာဉ်မှာ အသုံးပြုတဲ့ Capacity အတိုင်း CNG တပ်ဆင်ခွင့် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ပေးအပ်ရာမှာ ယာဉ်ပိုင်ရှင်မှ မူလ ယာဉ်ပိုင်ရှင် တစ်ဦးတည်းသာ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ သဘာဝ ဓာတ်ငွေ့ ပိုမို လုံလောက်စွာ သုံးစွဲနိုင်ဖို့ အတွက် ကိုရီးယား နိုင်ငံမှ ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး နိုက်ထရိုဂျင် သန့်စင် စက်ရုံ တည်ဆောက် နိုင်ဖို့ အတွက်ကိုပါ ဆောင်ရွက် လျက်ရှိတယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့