Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 October 2012

စောင့်မျှော်နေသူ ငါ


ချစ်သူ
မင်းရဲ့ အချစ်တွေကို
ကိုယ်တစ်ယောက်တည်း
ပိုင်ဆိုင်ချင်ခဲ့တာ
ကိုယ့်ရဲ့ အပြစ်လားချစ်သူ.....

ချစ်သူ
မင်းကလွဲပြီး
ဘယ်သူ့ကိုမှ မချစ်နိုင်ခဲ့တာ
ကိုယ့်ရဲ့ ဆိုးရွားလှတဲ့
ကံကြမ္မာလား ချစ်သူ..

ချစ်သူ
မင်းကြောင့် ငါ့ရဲ့ ညနက်နက်

အိပ်မက်တွေမှာ
ပျော်စရာတွေ အတိနဲ့ ပြည့်နေခဲ့တာ
မင်းသိရဲ့လားချစ်သူ.....
အခုတော့လည်း
မင်းက ငါနဲ့ဝေးရာမှာ ပျော်နေပြီး
ဘ၀သစ်တစ်ခုမှာ အသားကျနေလောက်ရောပေါ့
ဘာဖြစ်ဖြစ် မင်းပြန်လာမယ်ဆိုရင်
အစဉ်အမြဲ လက်ကမ်းကြိုလျက်ပါ
ဒါကို မင်းသိလာဖို့ ငါမျှော်လင့်ရင်းနဲ့
မင်းပြန်လာမဲ့ နေ့ရက်တွေကို စောင့်မျှော်ရင်း
လက်ချိုးလို့ ရေနေမယ် ချစ်သူ.........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့