Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 5 October 2012

ဘင်္ဂလားဒေ့ရှ်ရှိ အကြမ်းဖက်မှု သံဃာတော်များ သုံးရက်ဆက်တိုက် ဆန္ဒပြမည်

ရန်ကုန် အောက်တိုဘာ ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်းဒေသရှိ ဗုဒ္ဓဘာသာဝင်ဘုန်းတော် ကြီးကျောင်းများ၊ ဗုဒ္ဓ ရုပ်ပွားတော် များ နှင့် ဗုဒ္ဓဘာသာဝင် မျိုးနွယ်စုများ အကြမ်းဖက် တိုက်ခိုက်ခံရမှုများနှင့် ပက်သတ်၍ရန်ကုန်မြို့တော်ရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ စုပေါင်း ကာ အောက်တိုဘာလ ၄ ရက်နေ့ ၅ရက်နှင့် ၇ ရက်နေ့ထိ သုံးရက်ဆက်တိုက် ကန့်ကွက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြမည့် သံဃာတော်များက မိန့်ကြားသည်။

"အခုဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်နေတာတွေကို ကမ္ဘာက သိအောင် လုပ်ဆောင်သွားမယ်" ဆရာတော် ဦး မဏိသာရက မိန့်ကြားသည်။ဦးမဏိသာရမှာ ယနေ့ ဘင်္ဂလားဒေ့ရှိ သံရုံးရှေ့တွင် ဆန္ဒပြရန် ဦးဆောင်ခဲ့သော သံဃာတော် တစ်ပါးဖြစ်ပြီး ရခိုင်ပြည်နယ် မောင်းတော မြို့နယ်မှ လာရောက်ခြင်း ဖြစ် သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်ခြင်းသည် ဘာသာရေးအရ စော်ကားခြင်း ဖြစ်ပြီး ဘာသာရေး အစွန်း ရောက်မှုကြောင့် တတိယကမ္ဘာစစ် မဖြစ်ရန်မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံခေါင်း ဆောင် များက ကာကွယ်ပေးရန် ဆန္ဒပြ သံဃာများက တောင်းဆိုသည်။

သံဃာတော်များ အပါအဝင် ဆန္ဒပြသူများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အစွန်းရောက် မွတ်စလင် များကြောင့် အကြမ်းဖက်ခံ နေရသော လူနည်းစုမြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင် တိုင်းရင်း သား မျိုးနွယ်စုများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန် နှင့်ပြန် လည်ထူထောင် ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ် ဆောင်ပေးရန် စသည့် တောင်းဆို ချက်များကို တောင်းဆိုခဲ့သည်။

ဆန္ဒပြသူများသည် "ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များကို အကြမ်းဖက်မှု ချက်ချင်းရပ်။ မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည်ကို လုံးဝ လက်မခံ " စသည်ဖြင့် ဆောင်ပုဒ် များ အော် ဟစ် တောင်းဆို ခဲ့ကြသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေဖြင့် အကြမ်းဖက် အုပ်စုများ ကို အမြန်ဆုံး ရှာဖွေပြီး တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်၊ ကုလသမဂ္ဂ အနေဖြင့် အကြမ်းဖက် ခံရသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့် များကို ထိရောက်စွာ အမြန်ဆုံး ဆောင်ရွက်ရန် နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် အစိုးရနှစ် ရပ် အနေဖြင့် ယခုအကြမ်းဖက်မှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပြီး ထပ်မံ မဖြစ်ပွားအောင် ထိရောက်စွာ ဆောင်ရွက် ပေးရန် စသည့် တို့ကို တောင်းဆို ခဲ့ကြသည်။

ယင်းသို့ ဆန္ဒပြမှုများကို အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့တော် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် (၁) ရပ်ကွက်ရှိ မကွေး ပရိယတ္တိ စာသင်တိုက် ရှေ့ တွင် ပထမဆုံး အကြိမ် ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် အောက်တိုဘာလ ၅ ရက် နေ့က ပြုလုပ်ခဲ့ပြီး တတိယအကြိမ် ကို အောက် တိုဘာလ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသံရုံးရှေ့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သံဃာတော် များက မိန့်ကြားသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ရှိ အမျိုးသား ပြတိုက်ရှေ့တွင်လည်း ယင်းအကြမ်းဖက် မှုနှင့် ပတ်သတ်၍ ဒေသခံ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ ဟိန္ဒူဘာသာဝင် ဘုန်းတော်ကြီး များနှင့် တက္ကသိုလ် ဆရာ ဆရာမများ၊ ပန်းချီ ဆရာများ၊ အနုပညာရှင်များ အပါအဝင် လူပေါင်း ၅၀၀ ခန့်က အောက်တိုဘာလနှစ်ရက်နေ့ မွန်းလွဲ ၄ နာရီ ကျော် ခန့်တွင် ကန့်ကွက် ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒက္ကားမှ လာ သော သတင်းများအရ သိရှိရသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့