Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 October 2012

ကောင်မလေးတွေအတွက် ကောင်လေးများရဲ့စိတ်ထား



အရင်ကတော့ ကောင်မလေးတစ်ယောက်ကနေကောင်လေးတစ်ယောက်အတွက်ရေးထားတာကို
ကောင်လေးကနေ ကောင်မလေးအတွက်ပြန်ပြင်ရေးထားတာပါ။
၁။ ဘယ်သူကပဲမှားမှား နင်ကိုရင် ငါမချော့ဘဲ မနေတတ်ပါဘူးဟာ။
၂။ ငါ့ကို စက္ကန့်တိုင်းသတိမရရင်နေပါစေ။ ငါ့အသက်ရှူသံတိုင်းဟာ မင်းအတွက်သံစဉ်တွေဖြစ်စေရမယ်။
၃။ နင်ကောင်လေးချောတာကြည့်ရင် ငါစိတ်မစိုးပါဘူး၊ ဒါပေမဲ့ ငါလည်း လူတစ်ယောက်ပါပဲ။
၎။ မင်းကိုဂရုစိုက်စေချင်လို့ ရစ်တယ်ဆိုရင် ငါသည်းမခံနိုင်တာဟာလည်း မင်းကိုချစ်လို့ပဲပေါ့။
၅။ မင်းကိုချစ်မိကတည်းက ချမ်းသာဖို့ ငါအမြဲကြိုးစားနေပါတယ်။
၆။ မပြည့်စုံတဲ့ငါ့ဘဝအခြေအနေတြွေေ ကာင့် တစ်ခါတလေ အပြင်သွားရင် ဖရိုဖရဲဖြစ်နေတတ်တယ်။
၇။ အချောဆုံးအလှဆုံးမဟုတ်တဲ့မင်းက ငါ့ဘဝမှာ အချောဆုံး အလှဆုံးပါပဲ။
၈။ မင်းအသက်ရှူနှုန်းမြန်နေရင်တောင် မင်းကို သတိထားမိပါတယ်။
၉။ မင်းအမေ မင်းကို ကိုယ်ဝန်စရှိတဲ့နေ့ကိုတောင် ငါသိထားချင်ပါတယ်။
၁ဝ။ မင်းပြောတဲ့ ကိစ္စတိုင်းက ငါ့အတွက် အောက်စီဂျင်လိုပါပဲ။
၁၁။ ဖုန်းဆက်ဖို့ အလုပ်မအားတဲ့အခါ၊ ပိုက်ဆံမရှိတဲ့အခါ၊ မင်းအသံ တစ်နေ့မကြားရတဲ့အခါ ..အဲဒီနေ့က ငါ အိပ်လို့မပျော်တဲ့နေ့...။
၁၂။ ငါ့ဘဝ၊ ငါ့ရုပ်ရည်၊ ငါ့အဝတ်အစား၊ င့ါအပြင်အဆင်တွေမသပ်ရပ်တာ ...အဲဒါ ငါ့စတိုင်လ်ပဲ။
၁၃။ ငါလဲဒေါသထွက်တတ်ပါတယ်။ဒါပေမဲ့မင်းဒေါသထွက်နေရင်ငါခွင့်လွှတ်ပါမယ်..ငါဒေါသထွက်နေရင် မင်းခွှင့်မလွှတ်ဘဲအပြစ်ပေးပါ။
၁၄။ လျှပ်စစ်ပစ္စည်းတွေတင်မဟုတ်ပါဘူး။ မင်းဖိနပ်ပျက်သွားရင်တောင် ငါကိုယ်တိုင် သွားချုပ်ပေးမှာပါ။
၁၅။ မင်းလုပ်တတ်တဲ့အရာတွေရော၊ မလုပ်တတ်တာတွေရော ငါ့ကိုပဲလုပ်ခွင့်ပေးပါ။ မင်းခိုင်းတာကိုခံချင်လို့ပါ။
၁၆။ ငါ့ခြေလှမ်းတိုင်းကို မင်းကိုသံတော်ဦး တင်ချင်ပါတယ်။ တစ်ခါတလေဆိုတာတော့...လူတိုင်းမှာရှိတတ်ပါတယ်။
၁၇။ မင်းနောက်မှာ လူကြီး/မိဘ/ဆွေမျိုး တစ်ယောက်ယောက်လာလို့ မင်းဖုန်းချလိုက်တယ်အထင်နဲ့ တစ်ခါတလေ ငါပြန်မဆက်ဖြစ်ဘူး။ နားလည်တတ်တယ်လို့ပဲ မှတ်ယူပေးပါ။
၁၈။ ဝ တာကို မင်းထက်ပိုမမြတ်နိုးဘူး။ ဒါကြောင့် ငါ မဝ ချင်ဘူး။
၁၉။ ငါ့ကိုယ်ခန္ဓာက ပိန်ပါတယ်။ ဒါပေမဲ့ ကြည့်ကောင်းပါတယ်။ မင်းအတွက် ကြည့်ကောင်းမှာပါ။
၂ဝ။ ငါ့ သူငယ်ချင်းတွေထဲမှာ ဆိုးတဲ့လူတွေပါပါတယ်။ ဒါပေမဲ့ မင်းကိုချစ်လို့ ငါမဆိုးပါဘူး။
၂၁။ မင်းနဲ့ပတ်သက်တဲ့လူအားလုံးဟာ ငါ့ဆွေမျိုးတွေပါပဲ။
၂၂။ မင်းချက်တဲ့ဟင်းတွေက ငါ့အတွက် နတ်သုဒ္ဒါတွေချည်းပဲ။ ဒါကြောင့် ကောင်းတယ်လို့ ပြောဖို့မလိုဘူးထင်လို့ပါ။
၂၃။ သိသင့်သလောက်အကုန်သိပါတယ်။ အိုင်းစတိုင်းလောက်တော့ ဥာဏ်ရည်မမီဘူး။
၂၄။ မင်းအလုပ်က ငါ့အလုပ်လိုပါပဲ။ အမြဲလေးစားနေပါတယ်။ မင်းကောင်းတာလုပ်နေသရွေ့...။
၂၅။ ဘယ်သူ့အပေါ်မှ အထက်စီးနဲ့ မနေခဲ့ပါဘူး။
၂၆။ မင်းကိုချစ်တဲ့ ငါလည်းအတူတူပါပဲ။
၂၇။ မင်းထမင်းလည်းမချက်ပါနဲ့၊ တံမျက်စည်းလည်းမလှည်းပါနဲ့ ငါဘဲလုပ်ပေးပါ့မယ်။
၂၈။ ငါအလုပ်လုပ်တယ်ဆိုတာဟာ မင်းအတွက်ပါ။ ဒါကြောင့် ငါအလုပ်လုပ်တာ မင်းကို အဖော်ပြုတာပဲ။
၂၉။ မင်းကြိုက်တဲ့နေရာသွားပါ။ မှားနေ၊ လွဲနေမှသာ ငါ့ကို ဆရာလုပ်ခွင့်ပြုပါ။
၃ဝ။ အာဟာရပြည့်ရုံစားတဲ့မိန်းကလေးက ဘယ်လိုမှ မဝလာပါဘူး။ ဒါကြောင့် မင်းကို အစားအများကြီးမကျွေးနိုင်ဘူး။
၃၁။ မိန်းကလေးတစ်ယောက်တွေ့ဖူးတယ်။ ကိုယ့်မှာ ရည်းစားရှိကြောင်းပြောတယ်။ ဒါပေမဲ့ မင်းရည်းစားက သူ့လောက်မကောင်းနိုင်ပါ ဘူးတဲ့။ အဲဒီလိုဆိုခက်ပြီပေါ့။
၃၂။ ယောက်ျားလေးသူငယ်ချင်းထားပါ။ ဒါပေမဲ့ မင်းသူငယ်ချင်းတွေက ငါသိတဲ့လူတွေပဲ ဖြစ်စေချင်တယ်။
၃၃။ ငါ့ကိုဘိုးဘွားရိပ်သာမှာပဲထားချင်တာ ငါ့နောက်ကွယ်မှာ နောက်တစ်ယောက်နဲ့ရှိချင်နေတယ်လို့ ယူဆလို့ရတယ်နော်။
၃၄။ ငါ့အရင်ရည်းစားအကြောင်းကို မင်းတကယ်စိတ်မဝင်စားဘူးဆိုတာငါသိပါတယ်။ အဲဒီအကြောင်းပြောရင် မင်းငါ့ကို စိတ်ဆိုးမှာပေါ့။ ဒါကြောင့် အကြောင်းတစ်ခုခုပြပြီး မပြောဘဲနေလိုက်မယ်။
၃၅။ အချစ်ဦးကိုမှ မေ့လို့မရတာမဟုတ်ပါဘူး။ ကိုယ်ခင်တဲ့လူတိုင်းကို တစ်ခါတလေ သတိရမိတာက လူတိုင်းပါ။ အချစ်ဦးဆိုတာ လူတွေထဲက ခေါင်းစဉ်တစ်ခုပါ။
၃၆။ အဲဒီအရာကတော့ ငါ့ဘဝမှာ မင်းက နောက်ဆုံးချစ်သူဆိုတာပဲ။
၃၇။ မုန်းတယ်မုန်းတယ်လို့ ခဏခဏပြောနေတဲ့လူက အဲဒီလူကို ချစ်သွားတတ်တယ်။ ချစ်တယ်ချစ်တယ်လို့ ခဏခဏပြောနေရင် မုန်းသွားမှာစိုးလို့ ခဏခဏမပြောဘူးနော်။ ငါ့ရင်ခုန်သံကို သေချာနားထောင်ရင် မင်းသိမှာပါ။
၃၈။ စိတ်ချပါ။ လူများများနဲ့တွေ့ရင် မင်းကိုပိုပြီးချစ်ပြမယ်၊ ကြင်နာပြမယ်၊ သည်းခံပြမယ်။ မင်းနဲ့ငါနှစ်ယောက်တည်းရှိရင်လည်း အဲဒီအတိုင်းပဲနေပေးရင် မင်းကျေနပ်မလား။
၃၉။ မင်းမှားသွားလို့ စိတ်ဆိုးမိရင် မင်းကို တစ်နေ့ ၁ဝ ခါနမ်းမယ်။ စိတ်မဆိုးကြေး။
၎ဝ။ ငါနားလည်တတ်ပါတယ်။ မင်းက မင်းစတိုင်လ်နဲ့မင်း လှနေတာကိုး။ ဒါကြောင့် ငါလည်းမင်းကိြုေ<ွကခဲ့တာပဲ။ ၄၁။ မင်းကိုချစ်တာ မင်းမုန်းတာခံဖို့မဟုတ်ဘူး။ အဲဒီတော့ မင်းချစ်နေအောင် အမြဲကြိုးစားမှာပါ။ ၄၂။ ကြိုက်တဲ့လူနဲ့ နှိုင်းယှဉ်ပါ ချစ်သူ။ မိဘတော့ မပါစေနဲ့ပေါ့။ ၄၃။ မင်းစိတ်ဆိုးရင် ချက်ချင်းချော့ပါ့မယ်။ အနည်းငယ်လောက် နောက်ကျရုံအချိန်လေးကိုတော့ ရိုးမယ်မဖွဲ့ပါနဲ့။ ၄၄။ အမှတ်တရဖြစ်စေတဲ့နေ့မှာဝယ်ပေးတဲ့ ပစ္စည်းကိုပဲ တန်ဖိုးမထားပါနဲ့။ ကိုယ်ပေးတဲ့ အရာတိုင်းကို တန်ဖိုးထားပေးပါ။ ၄၅။ ဒီဘက်နားဝင်ပြီး အသည်းနှလုံးထိရောက်သွားနေကျပါ။ ၄၆။ ငါသွားတဲ့နေရာတိုင်း မင်းကိုလိုက်စေချင်ပါတယ်။ မြေကြီးအောက်ကိုတော့ မင်းမလိုက်ခဲ့နဲ့ပေါ့။ ၄၇။ ငါသီချင်းကြိုက်တတ်ပါတယ်။ မင်းကြိုက်တဲ့သီချင်းကို ငါ တလေးတစားနားထောင်ပါ့မယ်။ ၄၈။ ရှော့ပင်ထွက်တာကို ငါတို့ယောက်ျားလေးတွေ သိပ်မကြိုက်ကြဘူး။ မင်းနဲ့လိုက်တဲ့အချိန်တိုင်းမှာ မင်းကိုချစ်လို့ လိုက်လျောနေတယ်ဆိုတဲ့အရာလေးကို မမေ့သွားပါနဲ့။ ၄၉။ သဘောကောင်းတဲ့ ငါ့မိဘနှစ်ပါးက မင်းအိမ်အလုပ်မလုပ်တတ်လည်း လက်ခံမှာပါ။ ဒါကြောင့် ငါလည်း သူတို့ကို ဘာမှပြောမှာ မဟုတ်ဘူး။ ၅ဝ။ မင်းကိုဖြစ်သလို ချစ်ခဲ့တာမဟုတ်တော့ ငါ့ဆီက တုန့်ပြန်မှုတိုင်းဟာလည်း ဖြစ်သလိုဖြစ်မှာမဟုတ်ပါဘူး။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့