Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 11 October 2012

မိန်းကလေးများ အကုန်လုံး သင့်ခြေရင်းမှာ ကြွေကျသွားစေမဲ့ စကားလုံးများ


(၁)ကောင်လေး။ ။ ကျွန်တော် လမ်း မေးလို့ရမလား?

ကောင်မလေး။ ။ ဘယ်သွားမလို့လဲ...။

ကောင်လေး။ ။ မင်းရဲ့ ရင်ထဲ ကို...။ ...

(၂) ကောင်လေး။ ။ နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်။

ကောင်မလေး။ ။ ဘာဖြစ်လို့ညောင်းရမှာလဲ...။

ကောင်လေး။ ။ နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။

(၃) ကောင်လေး က ကောင်မလေးရဲ့ အင်္ကျီ အနောက်က တံဆိပ်ကို လှန်ကြည့်တော့

ကောင်မလေး။ ။ နင် ဘာလုပ်တာလဲ။

ကောင်လေး။ ။ နင် က Made in Heaven များဖြစ်မလားလို့ ...။

(၄) ကောင်လေး။ ။ နင် ငါ့ကို ပိုက်ဆံ ၅၀ လောက်ချေးပါလား။

ကောင်မလေး။ ။ ဘာလုပ်မလို့တုန်း..။

ကောင်လေး။ ။ ငါ ဒီနေ့ ကမ္ဘာမှာအလှဆုံး ကောင်မလေးကို တွေ့ပြီလို့ အမေ့ကို ဖုန်းဆက်ပြောမလို့

။ (၅) ကောင်လေး။ ။ ဒီနေ့ မိုးက သည်းလိုက်တာ...။

ကောင်မလေး။ ။ ဟုတ်တယ်နော်...။

ကောင်လေး။ ။ မိုးနတ်မင်းကြီး နင့်ကိုမြင်ပြီး သွားရည်ကျတာပဲဖြစ်လိမ့်မယ်။

(၆) ကောင်လေး။ ။ ငါ့ကို ယုံကြည်ပေးပါ။နင့်ကို ကမ္ဘာပေါ်မှာ ဒုတိယ ကံအကောင်းဆုံးလူဖြစ်အောင် ငါထားပါ့မယ်။

ကောင်မလေး။ ။ ဘာလို့ ပထမ ကံအကောင်းဆုံး လူမဖြစ်ရတာလဲ။

ကောင်လေး။ ။ ငါ့နားမှာ နင်ရှိမှတော့...ငါဟာ ကမ္ဘာ့ပထမ ကံအကောင်းဆုံးလူဖြစ်နေလို့ပေါ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့