Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

၂၀၁၃ ခုနှစ် ဧပြီလတွင် ရွှေကြာပင် ရတနာဈေး ဖွင့်လှစ်သွားမည်


နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှာ တည်ဆောက် လျက်ရှိတဲ့ ရွှေကြာပင် ရတနာဈေးကို လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလပိုင်းမှာ ဖွင့်လှစ်ဖို့
ရှိတယ်လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ရွှေကြာပင် ရတနာဈေးမှာ ဆိုင်ခန်းပေါင်း တစ်ရာ့ တစ်ခန်း ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်လို့ ဆိုင်ခန်း ဆယ့်ကိုးခန်းသာ ဆောက်လုပ်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အခု အချိန်မှာ ရတနာဈေးရဲ့ဆောက်လုပ် ပြီးစီးမှု ရာခိုင်နှုန်း ကတော့ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ ဈေးအတွင်း ဆိုင်ခန်း ဆောက်လုပ်မှုတွေ မှာတော့ ဆိုင်ခန်း အားလုံးကို ပုံစံတူ ဆောက်လုပ် ထားပြီး တန်ဖိုးမြင့် ကျောက်စိမ်း အချောထည်နဲ့ ရတနာ အချောထည် တွေကိုသာ ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရတနာဈေး အတွင်း ရောင်းချမှု စနစ်ကို One Stop Service စနစ်နဲ့ရောင်းချပေးသွား ဖို့စီစဉ်ထား ပါတယ်။ ဒီလိုရောင်းချခွင့် ပေးရာ မှာတော့ ရတနာဈေး အတွင်း ပြည်ပ ကျောက်မျက် ရတနာ လုပ်ငန်းရှင်တွေ အတွက် သီးသန့် ဆိုင်ခန်း ဖွင့်လှစ်ခွင့် မပေးထားဘဲ ပြည်တွင်းမှ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များနဲ့ စပ်တူ ပူးပေါင်း လုပ်ကိုင်မှသာ ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့