Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

မင်းဓမ္မပန်းကွင်းရှိ ဆိုင်ခန်းများအား ယခုလကုန်မှ စတင် ပြောင်းရွှေ့ရန် ကြေငြာထား


မင်းဓမ္မ ပန်းကွင်းရှိ ဆိုင်ခန်းများကို ယခု အောက်တိုဘာ လကုန်မှ စတင်ပြီး ရွှေ့ပြောင်းဖို့ ထုတ်ပြန် ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး
ကော်မတီ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ရွှေ့ပြောင်းရာ မှာလည်း မင်းဓမ္မ ပန်းကွင်းရှိ ဈေးဆိုင်ခန်း များကိုတော့ သာကေတ ယမုံနာ လမ်းကို ပြောင်းရွှေ့ ခိုင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြောင်းရွှေ့ခိုင်း ထားတာဟာ အဆိုပါ မင်းဓမ္မ ပန်းကွင်းကို အဆင့်မြှင့် မြို့တော် လုပ်ငန်း စီမံကိန်း ဆောင်ရွက်ဖို့ အတွက် ပြောင်းရွှေ့ ခိုင်းတာ ဖြစ်ပါတယ်။ ဒီလို ပြောင်းရွှေ့ဖို့ အတွက် ကိုတော့ ဆိုင်ခန်းရှင် များကို ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ရွှေ့ပြောင်းဖို့ အတွက် အကြောင်းကြား ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ ဒီလို ရွှေ့ပြောင်းဖို့ အတွက်ကို အချိန် တစ်လခန့် ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မင်းဓမ္မ ပန်းကွင်းဟာ ဧကရှစ်ဧက ပေါ်မှာ ဆိုင်ခန်းပေါင်း ၄၉၀ ရှိပြီး ဆိုင်ရှင်ပေါင်း ၁၀၀ ကျော်ခန့် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့