Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

အမတ်၏ ဇနီးနှင့် ဆက်သွယ်ရေး တပ်ဗိုလ်ကြီး ဇွဲထက်၏ ဇနီးတို့၏ ငွေကြေး လိမ်လှယ်မှုကြီး

အကြောင်းအရာ။ ။ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် အမတ်၏ ဇနီးနှင့် ဆက်သွယ်ရေး တပ်ဗိုလ်ကြီး ဇွဲထက်၏ ဇနီးတို့၏ ငွေကြေး လိမ်လှယ်မှုကြီး။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီး စံပြကျေးရွာ ၊ဈေးသစ် ရပ်ကွက်နေ ဒီပဲယင်းမြို့နယ် အမတ် ဦးဇင်မင်းထက်(ခ)ဦးဖိုခါ၏ ဇနီးဒေါ်ခင်မမမျိုးနှင့် တောင်ကြီး ဆက်သွယ်ရေး တပ်ဗိုလ်ကြီးဇွဲထက်၏ ဇနီးဒေါ်ခင်မမတိုး တို့၏ ငွေကြေး လိမ်လည်မှုကြီး ဖြစ်ပါသည်။

အကြောင်းအရာအပြည့်စုံမှာထိုကတော်နှစ်ဦးတို့မှစုကြေးငွေများစုရန် လာရောက်စည်းရုံးသောအခါတွင်(၁၈.၁ဝ.၂ဝ၁၁)ရက်မှစတင်ကာ(၂ဝ)ရက် တစ်ကြိမ်(၁)စုလျှင်(၂)သိန်းနှုန်းဖြင့်(၂၇)စုနှင့်(၅၄)သိန်းကျပ်ရရှိသောလေလံစုကြေးတွင် ယုံကြည်စွာဖြင့်ပါဝင်ခဲ့ကြပါသည်။

 စုကြေးထိန်းသိမ်းသူဆိုသည်မှာ အဖွဲ့ဝင်များကို ၄င်းမှာယုံကြည် စိတ်ချသူများ ကိုသာ ရွေးချယ်လက်ခံခြင်းဖြစ်သဖြင့် အဖွဲ့အစည်းတွင်ဖြစ်လာသည့် ငွေကြေးမပြေလည်မှုများကို တာဝန်ယူဖြေရှင်းရမည့်တာဝန်ရှိပါသည်။

စတင်ကာ စုကြေးစုစဉ်အခါကစုကြေးအဖွဲ့ဝင်များမှအကယ်၍ပြသနာတစ်စုံတစ်ရာဖြစ်လာခဲ့လျှင် တာဝန်ယူဖြေရှင်းပေးပါမည်ဟု နှုတ်ကတိပေးခဲ့ပါသည်။ထိုနှုတ်ကတိကိုယုံကြည်စိတ်ချမိပါသဖြင့်ပါဝင်ခဲ့ကြပါသည်။

(၈)ယောက်မြောက်ထိ ပုံမှန်လုပ်ပေးခဲ့ပြီးဒေါ်ခင်မမမျိုးနှင့်ဒေါ်ခင်မမတိုးတို့မှစုကြေး(၄)စုအားနာမည် အမျိုးမျိုးဖြင့်စုကြေးငွေအား စွဲယူသုံးစွဲခဲ့ပါသည်။ (၈)ကြိမ်မြောက်တွင်ဗိုလ်ကြီးဇွဲထက်ကတော်ဒေါ်ခင်မမတိုးမှ ယခုအကြိမ်တွင် တစ်စုလျှင်(၁)သိန်းနှုန်းဖြင့်(၁)သိန်းအမြတ်ပေး၍ယူမည်ဖြစ်ကြောင်း၊၄င်း၏ အမျိုးသားဗိုလ်ကြီးနေမကောင်း၍ တောင်ကြီးသို့သွားမည်ဖြစ်ကြောင်းအဖွဲ့ဝင်များ၏နေအိမ် အသီးသီးသို့ဒေါ်ခင်မမတိုး ကိုယ်တိုင်လာရောက်ပြောကြားခဲ့ပါသည်။

အဖွဲ့ဝင်(၂၇)ဦးပါဝင်သည်ဟုသိရသော်လည်းစာအုပ်ထုတ်မပေးသဖြင့် မည်သူမည်ဝါပါဝင်သည်ဟုအတိအကျမသိရပါ။ထိုသို့စာအုပ်ထုတ် မပေးခြင်းမှာလည်း ပြသနာတစ်စုံတစ်ရာဖြစ်လာပါကသက်သေမရှိစေရန် ကြိုတင်၍စီစဉ်ထားသည်ဟု ယူဆမိပါသည်။

(၂၄.၃.၂ဝ၁၂)ရက်မှ စ၍နားနေပြီးစုကြေးပြုလုပ်ပေးရမည့်ရက်ကျော်လွန်နေသဖြင့် အဖွဲ့ဝင်များမှ ပုံမှန်ပြုလုပ်ပေးရန် ပြောဆိုရန်အတွက်အဖွဲ့ဝင်များသည် ဒေါ်ခင်မမတိုး၏နေအိမ်ရှေ့ရှိ အောင်သပြေစတိုး တွင်စုစည်းခဲ့ကြပါသည်။

ဒေါ်ခင်မမမျိုးနှင့်ဒေါ်ခင်မမတိုးတို့၏ဂုဏ်သိကာကိုထောက်သောအားဖြင့် ထိုစတိုးဆိုင် စကားပြောရန်ခေါ်ခဲ့ရာဒေါ် ခင်မမမျိုးမှ၎င်း၏ အိမ်ကိုလာခဲ့ပါဟုပြောသည့် အတွက်အဖွဲ့ဝင်များမှသွားရောက်ခဲ့ပါသည်။

ထိုအခါ သင်္ကြန်ပြီးလျှင်ဆက်လက်၍လုပ်ဆောင်ပေးမည်ဟုပြောခဲ့ပါသည်။(၁၈.၄.၂ဝ၁၂)ရက်နေ့တွင် စုကြေး(၉)ကြိမ်မြောက်ပြုလုပ်ပေးခဲ့သော်လည်း၎င်းတို့မှပင်အမည်ပြောင်းဖြင့်ဆက်လက်၍ ထပ်မံယူခဲ့ရာ၎င်းတို့စွဲယူသောအစုမှာ(၅)ကြိမ်မြောက်ဖြစ်သွားခဲ့ပါသည်။

ထိုအစုအပါအဝင်စုစုပေါင်း(၉)စုမြောက်ပြီးဆုံးပြီးလေလံစုကြေး(၁ဝ)စုမြောက် အခါတွင် လေလံစုကြေးမလုပ်ပေးသဖင့်သွားရောက်မေးမြန်းရာ စုကြေးငွေမှာ ကောက်၍မရကြောင်း စုကြေးအဖွဲ့များမှ ပုံမှန်မထည့်ကြသောကြောင့် စုကြေးအားဆက်လက်၍ လုပ်ဆောင်မည်(သို့)ဖျက်သိမ်းမည်ကို မဆုံးဖြတ်ရသေးကြောင်း မချေမငံပြောကြားခဲ့ပါသည်။

စုကြေးငွေ အားဖျက်သိမ်းလျှုင်(၁၈.၄.၂ဝ၁၂)ရက်အထိ (၁)ဦးလျှုင် ထည့်ဝင်ပြီးသော ငွေ(၇၆ဝဝဝဝ)ကျပ်ဖြစ်ပြီးကျန်လူ(၁၈)ဦးစာအတွက်စုစုပေါင်း(၁၃၆၈ဝဝဝဝ)ကို ဘယ်အချိန်ပြန်ပေးမည်လဲဟုမေးမြန်းရာတွင်အချိန်အတိအကျမပြောနိုင်ပါ။ကောက်၍ရလျှင်ပေးမည်။ မရလျှင်မပေးနိုင်၊စိုက်၍မပေးနိုင်ဟုပြောခဲ့ပါသည်။

သို့သော် ၄င်းတို့စွဲယူထားပြီးသော(၅)စုစာအမြတ်ငွေမပါ အသားတင်စုကြေးငွေ ကျပ်(၁၂ဝ)သိန်း အကြောင်းကိုတော့ ထည့်၍မပြောပါ။စုကြေးစွဲယူသုံးစွဲပြီးသူများထံမှကောက်၍မရကြောင်းကိုသာ တွင်တွင်ပြောပါသည်။

အမှန်တကယ်မှာ၎င်းတို့စုကြေးစွဲယူသုံးစွဲထားသောစုကြေး(၅)စုမှအဖွဲ့ဝင်(၁)ဦးချင်းစီ အတွက်(၇၆ဝဝဝဝ)(၁၈)ဦးအတွက်စုစုပေါင်းရရန်ငွေ(၁၃၆၈ဝဝဝဝ)ကျပ်အားပြန်လည်ပေးဆပ်နိုင်သော်လည်း အမတ်ကတော်ပါဝါနှင့် ဗိုလ်ကြီးကတော်ပါဝါကိုသုံး၍အနိုင်ကျင့်၍ပြန်မပေးခြင်းဖြစ်ပါသည်။

စုကြေးစုစဉ်အခါကအဖွဲ့ဝင်မထည့်လျှင် စိုက်လျှော်မည်ဟုကတိပေးခဲ့သော်လည်း ထိုကတိကိုဖောက်ဖျက်ခဲ့ပါသည်။ ယခုအခါမဖြေရှင်းပေးနိုင်ကြောင်း မကျေနပ်လျှုင်တိုင်ချင်ရာတိုင်နိုင်ကြောင်းပြောကြားခဲ့ပါသည်။

တိုင်လျှင်လဲနိုင်အောင်တိုင်ကြငါတို့က အမတ်ကတော်နှင့် ဗိုလ်ကြီးကတော် နော်ဟုလည်းပြောပါသည်။စုကြေးအဖွဲ့ဝင်များမှ လူစုလူဝေးနှင့် လာရောက်ပါက ပိုင်နက်ကျူးလွန်မှုနှင့်တရားစွဲမည်ဟု အမတ်ကတော်မှ ခြိမ်းခြောက်ခဲ့ပါသည်။

ထို့ကြောင့်စုကြေးနှင့်ပက်သက်လျှင် စုကြေးအဖွဲ့ဝင်များအားလုံးစုပေါင်း၍ မသွားရဲကြပါ။မိမိထံလာလျှင်တရားစွဲမည်ဟု အထပ်ထပ်ပြောခဲ့ပါသည်။ သိလိုလျှင်တစ်ယောက်ချင်းလာမေးနိုင်သည်။ထို့သို့ပြောဆိုထားသည့်အတွက်နေအိမ်သို့ သွားရောက်၍ ဖြေရှင်းခိုင်း၍မရခဲ့ပါ။ လာလျှင်လည်း တရားဥပအေရ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲမည်ဟု အမတ်ကတော်နှင့် ဗိုလ်ကတော်တို့မှ အာဏာဖြင့် ခြိမ်းခြောက်သောကြောင့် နောက်ထပ်မသွားရဲကြတော့ပါ။

ဒေါ်ခင်မမမျိုးသည် ရဲစခန်းမှာလည်း ၄င်းတို့၏ လက်အောက်တွင်ရှိပြီး မိမိသည် အမတ်ကတော် တစ်ယောက်ဖြစ်သည့်အတွက် အရေးမယူရဲကြောင်း စိုင်ပြင်မြို့နယ်ရဲကင်းမှုးမှာလည်း အမတ်လက်အောက်တွင်ရှိကြောင်း၊ စုကြေးအဖွဲ့ဝင် အချင်းချင်းအားလည်း သွေးကွဲအောင် လီဆယ်၍ ပြောဆိုခြင်း၊ယုံကြည်မှုပျက်ပြားအောင် မဟုတ်မမှန် စကားများပြောဆိုခြင်း ဥပဒေ ဖြင့်ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့ရာစုကြေးအဖွဲ့ဝင်များမှာကြောက်လန့်၍
အမှုဖွင့်တိုင်ကြားခြင်းများမပြုလုပ်ရဲခဲ့ကြပါ။သို့သော်ဥပေ ကို ခုတုံးပြုလုပ်ပြီးအာဏာကို အသုံးပြုကာ အများပြည်သူအပေါ် အနိုင်ကျင့်စိုးမိုးခြယ်လှယ်ခြင်းကို မခံနိုင်၍ ယုံကြည်အားကိုးစွာဖြင့် အသနားခံတင်ပြလာရခြင်းဖြစ်ပါသည်။
    
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မသဇင်ဦး              ဝ၉-၄၅ဝဝ၄၂၆ဝ၎
မဇင်မာဦး              ဝ၉-၄ဝဝ၄ဝ၂၉၄၉
ကိုမျိုး                    ဝ၉-၄၇၂၂၂၁၁၂
မတင်မာ                 ဝ၉-၄၇၆ဝဝ၃ဝဝ
ဒေါ်ခင်ဝင်း              ဝ၉-၄ဝဝ၅ဝ၈ဝဝ
ဒေါက်တာ ဦးအေးမြင့်အောင်    ဝ၉-၄ဝဝ၅ဝ၆ဝ၇ဝ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့