Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

မျိုးကောင်းမျိုးသန့် နို့စားနွားများအား အကြွေးစနစ်ဖြင့် ၀ယ်ယူနိုင်


ပြည်တွင်းမှာ နို့စားနွား မွေးမြူလို သူများတွေဟာ သမအသင်းများ ဖွဲ့စည်းပြီး မျိုးကောင်း မျိုးသန့် နို့စားနွား တွေကို အကြွေးစနစ်နဲ့ဝယ်ယူ
နိုင်တယ်လို့ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ နို့စားနွား မွေးမြူလို သူတွေဟာ သမအသင်းများ ဖွဲ့စည်းပြီး မြို့နယ် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနသို့ ဆက်သွယ်ကာ မြန်မာနိုင်ငံ နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးမှု အဖွဲ့ကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။

မျိုးကောင်း မျိုးသန့် နို့စားနွားများကို အဲ့ဒီအဖွဲ့မှတဆင့် အကြွေး စနစ်နဲ့ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ နို့စားနွားမှ ရရှိလာတဲ့ နို့တွေကိုတော့ အဖွဲ့ကို တင်သွင်း ရမှာဖြစ်ပြီး နွားနို့များကို အဆိုပါ အဖွဲ့ရဲ့ စက်ရုံများမှ ပြန်လည် ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ အကြွေး စနစ်များဖြင့် ၀ယ်ယူထားတဲ့ နို့စားနွားရဲ့တန်ဖိုးတွေ ကိုတော့ မိမိနို့ တင်သွင်းမှုပေါ် မူတည်ကာ ဖြတ်တောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို သမအသင်းများ ဖွဲ့စည်းပြီး အကြွေး စနစ်နဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းများကို ယခုလက်ရှိမှာ နေပြည်တော်ရှိ ဇမ္ဗူသီရိ မြို့နယ်၊ အောင်သုခ ရွာရှိ မြစိမ်းရောင် သမအသင်းမှာ စတင် ပြုလုပ် လျက်ရှိပြီး နောက်ထပ် အကြွေး စနစ်ဖြင့် လုပ်လိုသူများ အနေနဲ့ လည်း သမအသင်းများ ဖွဲ့စည်းကာ သက်ဆိုင်ရာ နေရာများရှိ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန များကို ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။ အခုလို အကြွေး စနစ်ဖြင့် နို့စားနွား မျိုးကောင်း မျိုးသန့်များ ရောင်းချပြီး နွားနို့များ ၀ယ်ယူမှုဟာ စာသင်ကျောင်းများမှာ ကျောင်းနေ အရွယ် ကလေးသူငယ်များ အတွက် နွားနို့ တိုက်ကျွေးရေး အစီအစဉ်ကို အရှိန်အဟုန်မြင့် ဆောင်ရွက်ဖို့ အတွက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့