Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

လုပ်သား ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းများ ပိုမိုပေါ်ထွက် လာစေရန် ဆောင်ရွက် သွားရန်ရှိ


အလုပ်သမား ၀န်ကြီးဌာနမှ ကျွမ်းကျင် လုပ်သား လေ့ကျင့်ရေး သင်တန်း ကျောင်းများ ပိုမို ပေါ်ထွက်လာ စေဖို့ အတွက် အဓိကထား လုပ်ဆောင် သွားဖို့
ရှိတယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက်ဖို့ အတွက် အစိုးရ အလုပ်အကိုင် သင်တန်း ကျောင်းဖြစ်တဲ့ ရန်ကင်းရှိ အလုပ်သမား ကျွမ်းကျင် သင်တန်း ကျောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့က အဆိုပါ ကျွမ်းကျင် သင်တန်းကျောင်းမှာ ဖွင့်လှစ် ထားတဲ့ သင်တန်းများကို အလုပ်သမား ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးမှ ကြည့်ရှု စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။

အခုလို ၀န်ကြီးဌာနမှ ဖွင့်လှစ် ထားရှိတဲ့ သင်တန်းကျောင်း အနေနဲ့ နှစ်စဉ် အလုပ်သမား တစ်ထောင် နီးပါး မွေးထုတ် ပေးလျက်ရှိ တယ်လို့ သိရပါတယ်။ ဖွင့်လှစ် ထားရှိတဲ့ သင်တန်းတွေ အနေနဲ့ ကတော့ ပိုက်ဆက် သင်တန်း၊ လျှပ်စစ် သွယ်တန်း သင်တန်း၊ တွင်ခုံဖောက်ခုံ သင်တန်းနဲ့ ဂဟေ သင်တန်း တို့ကို လက်ရှိမှာ သင်တန်းသား ၂၀ ဦးပြည့်ပါက တန်းခွဲတစ်ခု ထပ်မံ ဖွင့်လှစ်ကာ သင်ကြား ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အခုလို ဖွင့်လှစ် ထားရှိတဲ့ သင်တန်းမှ သင်တန်းဆင်းသူ တွေကို နှစ်စဉ် တစ်ထောင်မှ တစ်ထောင့် ငါးရာ လောက်အထိ တိုးမြှင့်ပြီး မွေးထုတ် ပေးသွားဖို့ ကိုလည်း ပြည်ထောင်စု ၀န်ကြီးမှ တိုက်တွန်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ အခုလို အစိုးရ ကျွမ်းကျင် လုပ်သား လေ့ကျင့်ရေး သင်တန်းကျောင်း အပြင် ပုဂ္ဂလိက ကဏ္ဍများနဲ့ ပူးပေါင်းပြီး အသက်မွေး ၀မ်းကျောင်း ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး တို့ကို ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့