Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

ရခိုင်ပြည်နယ် အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီဖြင့် အမေရိကန် ပြည်ထောင်စုမှ ဒေါ်လာ ၂.၇၃ သန်း ထောက်ပံ့


၂၀၁၂ ခုနှစ်၊ ဇွန်လဆန်း ပိုင်းမှစပြီး ရခိုင်ပြည်နယ်နဲ့ ပဋိပက္ခများကြောင့် လူဦးရေ ခုနှစ်သောင်းဟာ နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ ကြရတာ ဖြစ်ပါတယ်။
ဒီလို နေရပ် စွန့်ခွာလာသူ များဟာ ဘေးအန္တရာယ် ဆက်ရှိနေခြင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ သက်မွေးဝမ်းကျောင်း လုပ်ငန်းများနဲ့ အခြား ဆုံးရှုံးမှု များကြောင့် အမေရိကန် ပြည်ထောင်စု အစိုးရက ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ တာဝန်ယူ ဆောင်ရွက်နေ သူများသို့ အကူအညီ အနေဖြင့် အမေရိကန် ဒေါ်လာ ၂.၇၃ သန်းကို ထောက်ပံ့ပေး လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဒုက္ခသည်များ အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အတွက် ဒေါ်လာ ၂ သန်းနဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF အတွက် ဒေါ်လာ ခုနှစ်သိန်း သုံးသောင်း အပါအ၀င် ယခုနောက်ထပ် ဒေါ်လာ ၂.၇၃ သန်းကို အမေရိကန် အစိုးရက ရခိုင် ပြည်နယ်ရှိ ကုလသမဂ္ဂ တာဝန်ယူ ဆောင်ရွက်နေ သူများသို့ ထောက်ပံ့ပေး လိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ နေရသူများ အတွက် ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် လိုအပ်ချက်များကို ယူနီဆက် UNICEF မှ ကြားဝင် ဖြည့်ဆည်း ပေးရာမှာ အခြေခံ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းများ ဖြန့်ဖြူးပေးခြင်း၊ အိမ်သာနဲ့ ရေချိုးစရာ နေရာများကို ကူညီပေးခြင်း အစရှိတဲ့ ဆောင်ရွက်မှု တွေဟာ အထောက်အကူ ဖြစ်စေတဲ့ အပြင် ကိုယ်ဝန်ဆောင်နဲ့ မိခင်နို့ တိုက်ကျွေး နေတဲ့ မိခင်များ အတွက် ကုထုံးဆိုင်ရာ နည်းလမ်းတွေ ကိုလည်း UNICEF က ကြားဝင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးသူများ အတွက်နဲ့ အမိုးအကာ၊ စခန်းပူးပေါင်း ဆောင်ရွက်ခြင်း စီမံခန့်ခွဲခြင်း၊ အစားအသောက် မဟုတ်တဲ့ ပစ္စည်းများနဲ့ ကာကွယ် စောင့်ရှောက်ရေး လိုအပ် ချက်များနဲ့ မြန်မာအစိုးရရဲ့ မေတ္တာရပ်ခံချက် အရ စစ်တွေနဲ့ မောင်တောရှိ ရခိုင် တိုင်းရင်းသား များအတွက် ခိုလှုံစရာများကို ဆောက်လုပ်ရာမှာ UNHCR မှ အဓိက ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု အစိုးရရဲ့ ယခု အထောက်အပံ့ဟာ ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အ၀န်း နှစ်ခုစလုံး အတွက် ကုလသမဂ္ဂ ကူညီပံ့ပိုးခြင်းအား မြန်မာအစိုးရက လက်ခံကြိုခြင်း အပေါ် အမေရိကန် အစိုးရမှ အသိအမှတ်ပြုပြီး ယခု အကူအညီဟာ ဒေသခံ အားလုံးရဲ့ နေထိုင်ရေး အခြေအနေများ တိုးတက်စေဖို့ အထောက်အကူ ပြုရုံသာမ ရခိုင်ပြည်နယ် အတွင်း ရေရှည် တည်တံ့ပြီး သဘောတူ ညီမျှတတဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ အတွက်ပါ အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့