Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 October 2012

ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး ရှူးဒိုင်းများ ပစ်ဖောက်ပါက ထိရောက်စွာ အရေးယူ သွားမည်


ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ သီတင်းကျွတ် ကာလနဲ့ တန်ဆောင်တိုင် ကာလများမှာ ဗြောက်အိုး၊ မီးရှူးနဲ့ မီးဒုံး ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများ
ပြုလုပ်ပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို အရေးယူရာမှာ ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး ရှူးဒိုင်းမှာ ပစ်လွှတ် အသုံးပြုခြင်းများ ပြုလုပ်ပါက အရေးယူမှာ ဖြစ်သလို အဆိုပါ ပစ္စည်းများ ရောင်းချခြင်း၊ စုဆောင်း ထားရှိခြင်း စတဲ့ အရာများ ပြုလုပ်ပါ ကလည်း သတ်မှတ် ထားတဲ့ တည်ဆဲ ဥပဒေများ အရ ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာမှ ယခုလို ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး ရှူးဒိုင်းများ ပစ်ဖောက်ခြင်း များကို တားမြစ် ရခြင်းဟာ ပြည်သူများ အထိတ်တလန့် ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာ အေးချမ်း သာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် လုပ်လာ နိုင်ခြင်း စတဲ့ အချက်များကြောင့် တားမြစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူများ အနေနဲ့ ယခုလို ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး ရှူးဒိုင်းများ ထုတ်လုပ် ရောင်းချခြင်း၊ ပစ်လွှတ်ခြင်း ပစ်ဖောက်ခြင်း များကို တိုင်ကြား လိုပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာ ရဲစခန်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှာ တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့