Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 October 2012

ဘဏ်များနှင့် ပတ်သက်၍ ကောလဟာလများ ရှိပါက သက်ဆိုင်ရာ ဘဏ်သို့ တိုက်ရိုက် မေးမြန်းရန် လိုအပ်


ပုဂ္ဂလိက ဘဏ်များနဲ့ ပတ်သက်ပြီး ယခု လက်ရှိမှာ ကောလဟာလများ ထွက်ပေါ်ခဲ့ပြီး အဆိုပါ သတင်းများနဲ့ ပတ်သက်ပြီး သိရှိလိုပါက Customer
များအနေနဲ့ ကောလဟာလ သတင်းများကို မယုံကြည်ပဲ သက်ဆိုင်ရာ ဘဏ်ကိုသာ တိုက်ရိုက် မေးမြန်းဖို့ လိုအပ် တယ်လို့ အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များ အသင်းမှာ ကျင်းပ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

ဒီလို မေးမြန်းရာမှာ လတ်တလော ကောလဟာလ သတင်းများ ထွက်ပေါ်နေတဲ့ သက်ဆိုင်ရာ ပုဂ္ဂလိက ဘဏ်ကို မေးမြန်း နိုင်သလို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ မြန်မာနိုင်ငံ ဘဏ်များ အသင်း တို့မှာလည်း စုံစမ်း မေးမြန်း နိုင်ပါတယ်။ လက်ရှိမှာ ကောလဟာလများ ထွက်ရှိနေတဲ့ ပုဂ္ဂလိကဘဏ် အနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားတဲ့ ဥပဒေ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း များနဲ့ ညွှန်ကြားချက် များကို အပြည့်အ၀ လိုက်နာ ဆောင်ရွက်နေတဲ့ အတွက် Customer များအနေနဲ့ စိုးရိမ်စရာ မရှိကြောင်း ကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးမှ အဆိုပါပွဲမှာ ပြောကြားခဲ့ ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနဲ့ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များကို စနစ်တကျ ထိန်းကျောင်း ပေးလျက်ရှိပြီး စည်းမျဉ်း စည်းကမ်းများ ကိုလည်း တင်းကျပ်စွာ ချမှတ် ဆောင်ရွက် လျက်ရှိတဲ့ အတွက် ပုဂ္ဂလိက ဘဏ်များနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အပြည့်အ၀ တာဝန်ယူ ကြောင်းလည်း အဆိုပါပွဲမှာ တာဝန်ရှိသူမှ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့