Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

ကျွဲကောသီး အခွံအား ယိုအဖြစ်ပြောင်းလဲပြီး စီးပွားဖြစ် ထုတ်လုပ်နိုင် တော့မည်


မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချ သူများ အသင်းမှ တီထွင် စမ်းသပ် ထုတ်လုပ်မှုကြောင့်
ကျွဲကောသီး စိုက်တောင်သူများဟာ ကျွဲကော အခွံများနဲ့ ရောင်းတန်း မ၀င်တဲ့ ကျွဲကောသီး လုံးညှပ်၊ လုံးပျက်များကို ကျွဲကောသီး အခွံယို အဖြစ် စီးပွားဖြစ် ထုတ်လုပ် နိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီး ၀လံပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို ကျွဲကောသီး အခွံမှ ယိုထုတ်လုပ် နိုင်မှုကြောင့် ကျွဲကောသီး အရောင်းအ၀ယ် ဈေးကွက်ဟာ ပြောင်းလဲသွားမှာ မဟုတ်ပဲ အခွံများကို စွန့်ပစ်စရာ မလိုပဲ ယိုထုတ်လုပ် ရောင်းချ လာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွဲကောစိုက် တောင်သူများ အနေနဲ့ နောက်ပိုင်းမှာ ယိုထုတ်လုပ်မှု အပိုင်းကိုပါ တစ်နိုင်တစ်ပိုင် စီးပွားဖြစ် ထုတ်လုပ် ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားပြီး ထုတ်လုပ်လိုတဲ့ တောင်သူများကို မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းက အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကူညီရာမှာ ကျွဲကောသီး အခွံမှ ယိုထုတ်လုပ်ပုံ နည်းအဆင့်ဆင့်နဲ့ ယိုထုတ်လုပ်ဖို့ အခြောက်ခံ စက်များ ၀ယ်ယူရနိုင်မယ့် နေရာများကို လမ်းညွှန်ကူညီ ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့