Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

အောက်ကြည့်မြင့်တိုင် လမ်းမကြီး မွမ်းမံပြင်ဆင် ကွန်ကရစ်ခင်းမှု ၇၀ ရာခိုင်နှုန်း ပြီးစီး


လက်ရှိ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်းနှင့် တံတား ဌာနက အောက်ကြည့်မြင်တိုင် လမ်းမကြီးကို ချဲ့ထွင် မွမ်းမံပြင်ဆင်ကာ
ကွန်ကရစ် ခင်းမှုများ ပြုလုပ် ဆောင်ရွက် လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အောက်ကြည့်မြင်တိုင် လမ်းမကြီး တိုးချဲ့ရ တာဟာ အဲ့ဒီ လမ်းမကြီးမှာ ကွန်တိန်နာ ယာဉ်များ၊ နယ်ဒေသ များသို့ ပစ္စည်း တင်ပို့တဲ့ ကားဂိတ်များရဲ့ မြို့တွင်း သွားလာတဲ့ ယာဉ်စတဲ့ ယာဉ်များ ရပ်နားမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးမှုများ ရှိနေတာကြောင့် ယာဉ်သွား လာရာမှာ အဆင်ပြေစေဖို့ အတွက်နဲ့ အောက်ကြည့်မြင်တိုင် လမ်းမကြီးရဲ့ ဘေးတစ်လျှောက်မှာ ကားပါကင် ဆောက်လုပ်ဖို့ အတွက် အခုလို တိုးချဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မကဘဲ အဆိုပါ နေရာမှာ ကားပါကင် ဆောက်လုပ်မှု အပြင် ဘတ်စ်ကား မှတ်တိုင်များ၊ လူသွားလမ်းများ အစရှိတာ တွေကိုလည်း ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ အခုလို တိုးချဲ့ရာ မှာတော့ ကြည့်မြင်တိုင် ဘူတာမှ ဟံသာဝတီ ဘူတာ အထိ တိုးချဲ့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အခုလို လုပ်ငန်းများ မစတင်မီ အရင်က အဆိုပါ နေရာတွေ မှာတော့ အမှိုက်ပုံများ လမ်းဘေး ဈေးသည်များနဲ့ လမ်းမပေါ် ကျူးကျော်ပြီး ဆောက်လုပ် ထားတဲ့ အိမ်များ၊ ဆိုင်များ စတာတွေနဲ့  ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့