Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 October 2012

တတိယ အကြိမ်မြောက် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အခမ်းအနား ကျင်းပခဲ့


လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့စိတ်ကျန်းမာရေး နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ တတိယ အကြိမ်မြောက်
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့က Central Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ အခမ်းအနား များမှာတော့ စိတ်ကျ ရောဂါနဲ့ ကျန်းမာရေး အကြောင်းအရာ များကို တပ်မတော် ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် ၁ ၊ ဆေးတက္ကသိုလ် ၂ နဲ့ ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ဆရာဝန်ကြီး များက ဟောပြော ပို့ချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဟောပြောပွဲ မှာတော့ စိတ်ကျရောဂါ ဖြစ်ပေါ် လာပါက သက်ဆိုင်ရာ ဆရာဝန်များနဲ့ ကျန်းမာရေး ၀န်ထမ်းများ ထံမှ အကူအညီ တောင်းခံ နိုင်ခြင်း၊ ဘာသာ တရားများကို လိုက်စားခြင်း၊ အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်း များကို ရှောင်ကြဉ် သင့်ခြင်း စတဲ့ စိတ်ကျမှု ဖြစ်ပွားခြင်းနဲ့ ပျောက်ကင်း နိုင်တဲ့ အကြောင်းအရာ များကို ဟောပြော ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ စီးပွားရေး ကပ်ဆိုက်ပါက ဖြစ်ပေါ်လာ နိုင်တဲ့ စိတ်ကျရောဂါ အကြောင်းအရာများ၊ စိတ်ကျ ရောဂါကို ဖြေရှင်းပုံ ဖြေရှင်းနည်းများ စတဲ့ အကြောင်းအရာ တွေကိုလည်း ပညာရှင်များမှ ဟောပြော ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့