Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

ယခုနှစ် အတွင်း ကျောက်မျက်ရတနာ ပြပွဲများ ထပ်မံ ပြုလုပ်ရန် အစီအစဉ် မရှိသေး


ကျောက်မျက် ရတနာပြပွဲ များကို နှစ်စဉ် အနည်းဆုံး နှစ်ကြိမ် ကျင်းပလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ မတ်လ မှာသာ ၁ ကြိမ်တည်း ကျင်းပပြုလုပ်
ထားပြီး ယခုနှစ် အတွင်းမှာ ကျောက်မျက် ရတနာ ပြပွဲများ ထပ်မံပြုလုပ် သွားဖို့ အစီအစဉ် မရှိဘူးလို့ နေပြည်တော်ရှိ သတ္တုတွင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ကျောက်မျက် ရတနာ ပြပွဲများကို နှစ်စဉ် မတ်လနဲ့ နိုဝင်ဘာလမှာ နှစ်ကြိမ် ကျင်းပလေ့ ရှိပြီး ပြီးခဲ့တဲ့ နှစ်မှာတော့ ၃ ကြိမ်အထိ ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ် မှာတော့ နိုဝင်ဘာလမှာ ကျင်းပလေ့ ရှိတဲ့ ကျောက်မျက်ပြပွဲကို ပြုလုပ်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ယခုလို ကျောက်မျက် ရတနာပြပွဲ မလုပ် ဖြစ်မှုဟာ  ကျောက်များ သယ်ယူ ပို့ဆောင်ရာမှာ အခက်အခဲ အချို့ရှိ နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကျောက်မျက် ရတနာ ပြပွဲတွေကို သတ္တုတွင်း ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းနဲ့ ညှိနှိုင်း ဆွေးနွေး ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ ယခုနှစ် အတွင်း ကျောက်မျက်ပြပွဲ ကျင်းပဖို့ အစီအစဉ် မရှိပေမယ့် လာမယ့် နှစ်မှာတော့ ၀န်ကြီး ဌာနရဲ့လုပ်ငန်းရှင်များ ညှိနှိုင်း ပြုလုပ်ဖို့ ရှိမှာ ဖြစ်ပါတယ်။

ဒီလို ကျောက်မျက် ပြပွဲများ မကျင်းပ ဖြစ်ပေမယ့် ကျောက်စိမ်းနဲ့ ကျောက်မျက် ရတနာ များဟာ  မည်သည့် အချိန်မဆို ရောင်းချလို့ ရတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် နောင်နှစ်မှ ရောင်းချပါ ကလည်း  ပိုမိုဈေးကောင်း ရရှိနိုင်တယ်လို့ သတ္တုတွင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက် အရ သိရပါတယ်။ ဒါကြောင့် ယခုနှစ် အတွင်း ကျောက်စိမ်း ရောင်းချရမှုမှာ အရင်နှစ်များ ကထက် လျော့ကျ သွားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့