Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 October 2012

ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရေး စီမံချက်ကို အဆင့် လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်


လာမယ့် ၂၀၁၄ ခုနှစ်ရဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်ကို အဆင့် လေးဆင့် အဓိကထား အကောင်အထည် ဖော်ဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆင့် လေးဆင့် ကတော့ ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်း ကောက်ယူခြင်း၊ စာရင်း ပြုစုခြင်းနဲ့ ဆန်းစစ်ခြင်း၊ အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း တို့ကို နောက်ဆုံး အနေနဲ့ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အခုလို ပြုလုပ်မှု အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဦးဆောင်ပြီး ပြင်ဆင်ရေး လုပ်ငန်းများကို ဦးစီး လုပ်ဆောင် သွားမှာ ဖြစ်သလို ရှေ့ဆက် လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ် အဆင့် သုံးဆင့် ကိုလည်း အခြား ၀န်ကြီးဌာနများ၊ လူထု အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှ စာရင်းဇယား အတိကျ ရရှိမှာ ဖြစ်တယ်လို့ ဗဟို သန်းခေါင် စာရင်း ကော်မရှင် နယက ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဗဟို သန်းခေါင်စာရင်း ကော်မရှင် ၃/၂၀၁၂ အစည်းအဝေးမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကြိုတင် ပြင်ဆင်မှုတွေကို ၂၀၁၁ မေလ စတင်ကာ ဆောင်ရွက် လျက်ရှိရာ ၁၆ လ နီးပါး ပြုလုပ်ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာမှာ ပြည်တွင်းရှိ နေထိုင်သူ တွေကို မေးမြန်းမယ့် မေးခွန်းတွေနဲ့ သန်းခေါင် စာရင်း ဥပေဒ တို့ကို လက်ရှိ ပြောင်းလဲ လာတဲ့ ခေတ်နဲ့အညီ ရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့