Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 October 2012

အမုန်းခံ ရှုံးနိမ့်သူ


အစွန်းရောက်အမုန်းမာန် ငြိုး
မင်းရင်မှာ ယုယစွာပျိုးရော့သလား
စိမ်းကားလွန်းတဲ့ မာနမင်းသမီးရယ်...။

နွေကြမ်းပူပူက သစ်ရွက်လှလှတွေကိုချွေချ
မင်းရဲ့ အမုန်းက ကိုယ့်ဘဝအပိုင်းအစကို ချွေဖဲ့…။

အမုန်းဆိုတဲ့စကား
ပန်းနုရောင် မင်းနုတ်ဖျားက
အပ်တဖျားတောင် မကြားချင်ခဲ့
ခုတော့ဖြစ် ရင်နာစရာ..
အသဲကွဲလို့ လွမ်းရစေ အမုန်းမုန်တိုင်း
သိန္ဓောမြင်းရိုင်းတစ်ကောင်လို
ငါ့မနက်ဖန်ပေါ် အပျော်လွန်ဒုန်းစိုင်းလို့ ..။

“တာနော” လို ဒီဘီလူး
သီကြူးတဲ့ သံစဉ်တေးသွား
မင်းအပါးမှာ ရိုကျိုး ခ စားဖို့ 
ငါ့ အသွေးသားနဲ့ ရေးစပ်တဲ့ ကဗျာ
တခါမှားယုံနဲ့ 
ကမ္ဘာခြားပြစ်လိုက်တော့မှာလား....။

ပေးဆပ်မှုနှလုံးသားနဲ့  ငါက
မင်းကို ရင်ဘတ်ကြီးတခုလုံးနဲ့  ချစ်ခဲ့တာ
ဟောဒီ…ဂြိုလ်ပြာမြေလက်တစ်ဆုပ်
သုံးဆယ့်တစ်ဘုံသားများကို သက်သေလုပ်လို့ 
တိုင်တည် သစ္စာ ဆိုလိုက်တယ်…..။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့