Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

“စိတ်ထားမကောင်းသောအရာရှိများနှင့်ဝေးပါစေ”

  ကျွန်တော်တို့ ၏ မြို့ တော် ဘိလပ်မြေ စက်ရုံသည် မန္တလေးတိုင်း၊ သာစည်မြို့ နယ်၊ ယင်းမာပင် အုပ်စု ရန်ကုန်-တောင်ကြီး လမ်းမကြီးအနီး ပြည်ညောင် ကျေးရွာမှာ တည်ရှိပါသည်။ လမ်းမကြီးမှ အတွင်းသို့ ဆိုင်ကယ်နှင့် မိနစ် ၃၀ ခန့် ဝင်ရပါသည်။ ယခု ဖြစ်ပေါ်နေသော ပြဿနာမှာ စက်ရုံမှ ၀န်ထမ်းများသည် စက်ရုံ အရာရှိများကိုသာ မိဘ အုပ်ထိန်းသူ သဖွယ် အားကိုပြီး နေထိုင် ကြရပါသည်။ ကျွန်ုပ်တို့ ၏ အသက်များမှာလည်း ၄င်းအရာရှိများ အပေါ်တွင် မှီတည်နေသလို ဖြစ်နေပါသည်။

    ယခု ရောက်ရှိနေသော လူကြီးမင်းသည် ၀န်ထမ်းများအား အလွန်တရာမှ လျစ်လျူရှုထား နေပါသည်။ ၀န်ထမ်းများ၏ စားရေး သောက်ရေးများကို ဖြစ်သလို စီစဉ်ပေးခြင်း ၊ ကျန်းမာရေး ကိစ္စများ အကူအညီ တောင်းသည့် အခါ ဟိန်းဟောက်ပြီး မညှာမတာ ပြောဆိုပါသည်။ နံနက် ၆ နာရီတွင် အရေးကြီး၍ ကားတောင်းသည်ကို ၄င်းတို့ အိပ်နေသောကြောင့် ငြင်းဆိုပြီး ၉ နာရီမှ တောင်းခဲ့ရပါသည်။ သည်လောက်အရေးကြီးနေသော်လည်း နေ့ လည် ၁၁ နာရီခွဲမှ ကားပေးခဲ့ပါသည်။ ထို့ ကြောင့်ဆေးရုံသို့ ပို့ ရန်အချိန်မမှီတော့သော ကြောင့် အမေနှင့်မောင်နှမသုံးယောက်ကို လုပ်ကိုင်ရှာဖွေကျွေးမွေးနေသော လူနာ ကလေးမှာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ကျန်ရစ်သူမိဘများမှာ သူတို့ ၏သားကြီး ဆုံးပါးသွားသောကြောင့် ၀မ်းနည်းပူဆွေပြီး ဒုက္ခကြီးစွာ ရောက်နေရရှာပါသည်။ ၄င်းတို့ ၏အိပ်ချိန်လေး အတွက်နှင့် လူတစ်ယောက်၏ အသက်ကို တန်းဖိုးမထားခဲ့ပါ။ ၀န်ထမ်းများ၏ ဂုတ်သွေးစုပ်ယူပြီးရ ရှိလာသော ငွေများကိုလည်း ၄င်းတို့ မိသားစုနှင့်ရင်နှီးသော စာရေးမများနှင့် တောင်ကြီး-ပုဂံ-မေမြို့ -မန္တလေး-နေပြည်တော်များသို့ အပျော်ခရီး ထွက်ပြီးသုံးစွဲခဲ့ပါသည်။ ၀န်ထမ်းများ ကားတောင်းသောအခါတွင် ဌာနမှ ဆီကိုတိုင်းထွာပေး၍ှဆီမလောက်ဘူး ဟုပြောပြီး ငြင်းဆိုခဲ့ပါသည်။

    ထို့ ကြောင့်ရပ်ဝေးရပ်ခြားတွင် မိဘများနှင့်ခွဲခွာ၍ လာရောက်လုပ်ကိုင်ရသော ၀န်ထမ်းများမှာ အရာရှိလူကြီးမင်းများ မကောင်း၍ အားလုံးအဆင်မပြေဒုက္ခရောက်ကြရပါသည်။ ထို့ ကြောင့် သက်ဆိုင်ရာ အကြီးအကဲလူကြီးမင်းများ ကျွန်တော်တို့ ကိုကြည့် မနေကြပါရန်နှင့် ၀န်ထမ်းများကိုအမှန်တကယ် ဂရုစိုက်စောင့်ရှေက်တတ်သော အရာရှိများကိုသာ ခန့် ထားပေးပါရန် လေးစားစွာ တင်ပြတောင်းခံအပ်ပါသည်။

မြို့ တော်ဘိလပ်မြေစက်ရုံမှ ၀န်ထမ်းများ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့