Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်နှင့် ကုန်စည်ပြပွဲတွင် ကရင်ရိုးရာ ပစ္စည်းများကို ပြသရောင်းချ သွားမည်


ကရင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ဦးဆောင် ညွှန်ကြားမှုနဲ့ City Global Mark Services Co.,Ltd မှ ကြီးမှူး ကျင်းပမယ့် ကရင် ပြည်နယ်နေ့ အထိမ်းအမှတ်
ပွဲတော်နှင့် ကုန်စည်ပြပွဲ ကရင်ရိုးရာ ပစ္စည်း များကို ပါဝင်ပြသ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပြပွဲမှာ ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ကို ခင်းကျင်း ပြသသွားမှာ ဖြစ်ပါတယ်။

ကရင်ရိုးရာ ပြခန်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ အ၀တ်အထည်များနဲ့ လူသုံးကုန် ပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ အဆိုပါကုန် စည်ပြပွဲကို ယခုပြုလုပ် တာဆိုရင် ၅၇ ကြိမ်မြောက် ရှိပြီဖြစ်ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက် နေ့အထိမှာ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်နေ့ အခမ်းအနား ကိုပါ နှစ်စဉ် ထည့်သွင်း ကျင်းပတာ ဖြစ်ပါတယ်။ အဆိုပါပွဲကို ကရင်ပြည်နယ် ထုတ်ကုန် ပစ္စည်းများကို ပြည်တွင်း ပြည်ပများ လာရောက် ၀ယ်ယူနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ကရင် ဒုံးယိမ်း အကများ၊ လက်ဝှေ့ပွဲများ၊ အငြိမ့်၊ မျက်လှည့်၊ ပညာပေးပြခန်း၊ စတိတ်ရှိုး အစရှိတဲ့ ဖျော်ဖြေရေး အစီအစဉ် များကို ထည့်သွင်း ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့