Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

အခွန်ဆိုင်ရာ ၀န်ဆောင်မှုရုံး စတင် ဖွင့်လှစ်


အခွန်ဆိုင်ရာ အကြောင်းအရာ များကို မေးမြန်း စုံစမ်း နိုင်မယ့် အခွန်ဆိုင်ရာ ၀န်ဆောင်မှု ရုံးကို အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ပန်းဆိုးတန်း
အောက်လမ်းမှာ စတင် ဖွင့်လှစ် လိုက်ပြီဖြစ် တယ်လို့ သိရပါတယ်။ အရင်က အခွန်ဆိုင်ရာ ၀န်ဆောင်မှု ရုံးဟာ နေပြည်တော်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန ရုံးချုပ်မှာ သာရှိတဲ့ အတွက် အခွန် စနစ်နဲ့ ပတ်သက်တဲ့ အချက်အလက် များကို ပြည်တွင်း ရင်းနှီးမြှုပ်နှံ သူများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံ သူများဟာ နေပြည်တော်မှာ သွားရောက် မေးမြန်း ခဲ့ရတာ ဖြစ်ပါတယ်။

အခုအခါ ရန်ကုန်မြို့မှာ အခွန် ဆိုင်ရာ ၀န်ဆောင်မှု ရုံးဖွင့်လှစ် လိုက်တဲ့ အတွက် အခွန်နဲ့ ပတ်သက်တဲ့ အချက်အလက် များကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူ တွေက ရန်ကုန်မှာပဲ အလွယ်တကူ မေးမြန်း နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အခွန်ဆိုင်ရာ ၀န်ဆောင်မှု ရုံးမှာ အခွန်နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှု အားလုံးကို ဆောင်ရွက် ပေးမှာ ဖြစ်ပြီး ပြည်တွင်း ပြည်ပက ရင်းနှီး မြှုပ်နှံသူတွေ၊ နိုင်ငံခြား ကုမ္ပဏီ၊ INGO နဲ့ NGO အဖွဲ့အစည်းတွေ အားလုံးက လုပ်ငန်းများနဲ့ ဆက်နွယ်တဲ့ အခွန်ကိစ္စရပ် အချက်အလက် များကို စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလို စုံစမ်း မေးမြန်းရာမှာ လူကိုယ်တိုင် လာရောက် စုံစမ်း မေးမြန်းခြင်း၊ တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခြင်း များကို ပြုလုပ်နိုင်ပြီး ရုံးမှ ချက်ချင်း ရှင်းလင်း ဖြေဆိုပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကပဲ အခွန်ဆိုင်ရာ ၀န်ဆောင်မှု ရုံးကို ဆက်သွယ် မေးမြန်းမှု အတွက် ရုံးမှ ချက်ချင်း ပြန်လည် ဖြေဆို ဆွေးနွေးဖို့ ခက်ခဲတဲ့ အချက်အလက်များကို နေပြည်တော်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန ရုံးချုပ်ကို မေးမြန်း အတည်ပြုချက် ရယူပြီး ပြန်လည် ဖြေကြားပေး သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့