Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

ဘ၀မှာ အောင်မြင်သော လူတစ်ယောက်ဖြစ်ဖို့ 



အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်
ခြင်းပင်ဖြစ်တယ်။ (ဘင်ဂျမင်ဒစ်ဆရေလီ)

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ဘ၀ခရီးလမ်းမှာ အောင်မြင်သော
လူတစ်ယောက်ဖြစ်ဖို့  ဘယ်အလုပ်မဆို ဇွဲရှိရှိနဲ့ လုပ်ဖို့ လိုအပ်ပါတယ်။
ကိုယ်တတ်ထားတဲ့ပညာတွေကိုလည်း သူနေရာနဲ့သူ အသုံးချတတ်ဖို့ 
လိုအပ်ပါသေးတယ် ။ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် သူငယ်ချင်းတွေကို
ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြချင်ပါတယ် ။


ပုံပြင်လေးကတော့.................
တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာရှိတဲ့ လူငယ်လေးနှစ်ယောက်ဟာ
ဒိသာပါမောက္ခဆီမှာ ပညာရပ်တွေ ကိုသင်ကြားဖို့ သွားကြလေသည် ။
ထိုလူငယ်နှစ်ယောက်တွင်  တစ်ယောက်မှာ အလွန်ဥာဏ်ကောင်းသဖြင့်
ဒိသာပါမောက္ခ သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေ အားလုံးလိုလိုကို
သင်ကြားတတ်မြောက်သွားပါတယ်။ ကျန်တဲ့လူငယ်တစ်ယောက်ကတော့
ဥာဏ်အလွန်ထုံသဖြင့် ဘာပဲ သင်ပေး၊ သင်ပေး လွယ်လွယ်နဲ့ မတတ်
မြောက်နိုင်ပါဘူး။ ဒါကြောင့် ဒုတိယလူငယ်ကို ဒိသာပါမော​က္ခက ပညာရပ်
တစ်ခုကိုသာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် သင်ကြားဖို့တိုက်
တွန်းလေသည် ။သေသေချာချာလည်း  သင်ပေးလိုက်ပါတယ် ။ဒုတိယ လူငယ်
ကလည်း တစ်ခုတည်းသော ပညာကိုသာ ဂရုတစိုက်သင်ယူပါတယ်။သင်ကြား
မှု ကာလကုန်ဆုံးသွားတော့ လူငယ်နှစ်ယောက်ဟာကိုယ့်တိုင်းပြည်ကို ပြန်သွား
ပြီး ကိုယ်စီကိုယ်ငှ တတ်လာသမျှ ပညာရပ်တွေနဲ့  အလုပ်လုပ်ကြလေသည် ။

ထိုအခါ ပထမလူငယ်က ဘာပဲလုပ်လုပ် အစဉ်မပြေဖြစ်နေပါတယ် ။အစဉ်
မပြေတိုင်းလည်း အလုပ်တစ်ခုပြီးတစ်ခုပြောင်းလုပ်ပါတယ်။ ဒါလည်း အစဉ်
မပြေပါဘူး။ ဒုတိယလူငယ်က အလုပ်တစ်ခုမှာပဲ အောင်မြင်ပြီးချမ်းသာလာ
ပါတယ်။ ထိုတိုင်းပြည်မှာ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာပါတယ်။ထို
အခါ  ပထမလူငယ်ကတွေးပါတယ်။ "ဆရာက ငါ့ကိုတော့ ပညာစုံအောင်
သင်မပေးလိုက်ဘူးထင်တယ်။ ဟိုတစ်ယောက်ကိုတော့ ပညာကုန်အောင်သင်
ပေးလိုက်လို့သာ ဒီကောင်ချမ်းသာလာတာနေမှာပဲ ။ ဆရာ မမျှတဘူး"လို့
တွေးပြီး ဒိသာပါမောက္ခဆီကို သွားပါတယ်။ သူတွေးတဲ့အတိုင်းလည်း ဆရာ
ကိုပြောပြပါတယ်။

ဆရာက ဘာမှမပြောပဲ ပထမလူငယ်ကို ဝါးရုံတောထဲခေါ်လာခဲ့ပါတယ်။ ပြီးတော့
ဝါးပင်ပေါ်တက်ခိုင်းလိုက်ပါတယ်။ ပြီးတော့ ဆရာက အောက်နေ၊ ဝါးပင်တွေကို
လှုပ်ခါပါတယ်။ လှုပ်ခါလိုက်တိုင်း ပထမလူငယ်က နောက်ဝါးပင်ဆီကို ကူးပြောင်း
သွားပါတယ်။နောက်ဝါးပင်ကို လှုပ်ခါပြန်ပါတယ်။ ဒီလိုနဲ့အကြိမ်ကြိမ် ကူးပြောင်းနေ
ရတော့ လက်၊ခြေတွေ ညောင်းလာကာ ပြုတ်မကျအောင်လည်း ကြိုးစားနေရပါတယ်။
နောက်ဆုံးတော့ ဘယ်ဝါးပင်မှ မကူးတော့ပဲ ဝါးပင်တစ်ပင်ကိုပဲခိုင်ခိုင်မြဲမြဲ ဖက်တွယ်
ထားလိုက်လေသည် ။ထိုအခါ  ဘယ်လိုပဲ ၀ါးပင်ကို လှုပ်ခါလှုပ်ခါ ပြုတ်မကျတော့ပါပေ။

ဒီတော့မှ ဆရာက တပည့်ကို အောက်ကို ဆင်းလာဖို့ပြောပါတယ်။ ပြီးတော့မှ ဆရာက...
ကဲ တပည့်ရေ "မင်းက ဥာဏ်ကောင်းတော့ ပညာတွေအများကြီးသင်ဖြစ်သွားတယ်။
ပညာတွေ အများကြီးတတ်တော့ အလုပ်တွေလုပ်ဖို့အခွင့်အရေးတွေ  ရလာတာပေါ့။
ဒါပေမယ့် ဘယ်အလုပ်ကိုမှ ဇွဲနဲ့လုပ်တာ မရှိတော့ဘူး။ အလုပ်မှာ မစွဲတော့ ဘယ်အ
လုပ်မှ ထိပ်တန်းရောက်အောင် မအောင်မြင်တော့ဘူး။ မင်းရဲ့သူငယ်ချင်းကျတော့
ဥာဏ်မကောင်းတော့ ပညာတစ်ခုကိုသာ သင်ဖြစ်တယ်။သူ့အတွက် အားကိုးစရာ
ကလည်း ဒီတစ်ခုပဲဆိုတော့ စွဲစွဲမြဲမြဲ လုပ်ဖြစ်တယ်။ ဇွဲနဲ့လုပ်တော့ ထိပ်တန်းရောက်
လာတာ ဘာမှ မဆန်းပါဘူး။ မင်းကို ဆရာမှာ လိုတာက အောင်မြင်ချင်ရင် ဘယ်အ
လုပ်ကိုမဆို ဇွဲနဲ့သာစွဲစွဲမြဲမြဲလုပ်ပါ"လို့ ပြောလိုက်လေသည်။


ပုံပြင်လေးကတော့ ဒီမှာတင် အဆုံးသတ်ပါတယ် ။ဒီပုံပြင်လေးနမူနာယူပြီး ဆက်စပ်
တွေးဖြစ်တာလေးက ............အဘယ်သို့သောကိစ္စမဆို ကိုယ်ကိုယ်တိုင်ပေါ်မှာသာ
တည်မှီတဲ့ အတွက် ကိုယ်ကြိုးစားရင် ကိုယ်ဖြစ်မှာပါပဲ။ နည်းလမ်းဆိုတာတွေကတော့
အများကြီး ရှိနိုင်ပါတယ်။ တစ်ယောက်သောသူနဲ့ သင့်တော်ပေမယ့် အခြားသူနဲ့ ကိုက်
ညီချင်မှ ကိုက်ညီနိုင်မှာပါ။အဓိကကတော့ ကိုယ်ဘာလုပ်ချင်တာလဲ၊ ကိုယ်ဘာဖြစ်ချင်
တာလဲ  ဆိုတာကို အရင်သိပြီး အဲဒီလုပ်ချင်တာ ဖြစ်ချင်တာကို စိတ်အာရုံနှစ်ပြီး လုပ်
ဆောင်မယ်ဆိုရင် ငွေကြေးချမ်းသာအောင်လုပ်တာမျိုးကတော့ ခက်ခဲလှတဲ့ အလုပ်
တစ်ခု မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲ လမ်းခုလပ်မှာ လက်လျော့ကြတဲ့ သူတွေများ
တော့ အောင်မြင်မှုကို မရကြတာလည်း များပါတယ်။အရေးကြီးတာက ကိုယ်ယုံကြည်
ရာကို ယုံကြည်မှု အပြည့်ထားပြီး ဇွဲရှိဖို့  မဖြစ်မနေဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပြတ်သား
တဲ့ ဆုံးဖြတ်ချက်နဲ့ အတူအောင်ကို အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိနေဖို့ လိုအပ်
တယ် ။ ဒါဆိုရင် ဘယ်နေရာမှာပဲအလုပ်  လုပ်လုပ် အောင်မြင်မှာမုချပါပဲ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့