Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

မြို့နယ် အခြေပြု ကျန်းမာရေး ကုန်ကျစရိတ် အကာအကွယ် ပေးရေး အစီအစဉ် ရေးဆွဲရန် စီစဉ်လျက်ရှိနေ


ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ မြို့နယ် အခြေပြု ကျန်းမာရေး အကာအကွယ်ပေးရေး အစီအစဉ်ကို ရေးဆွဲဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့
အဆိုပါ အစီအစဉ် နည်းပညာ ဆိုင်ရာ ဆွေးနွေးပွဲမှာ အဆိုပါ ၀န်ကြီးဌာနရဲ့ ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ အစီအစဉ်ကို ရေးဆွဲမှုဟာ ကျန်းမာရေး ကဏ္ဍမှာ နိုင်ငံတော် အစိုးရမှ ကျန်းမာရေး အသုံးစရိတ် ထည့်ဝင်မှု နည်းပါးခြင်း၊ ပြင်ပ အကူအညီ ရရှိမှု နည်းပါးခြင်းကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှု အတွက် ပြည်သူလူထုမှ ကျခံ သုံးစွဲရတဲ့ သုံးစွဲစရိတ်များ ပိုမိုများပြား လာခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမို လက်လှမ်း မီစေဖို့နဲ့ ဆေးကုသ မှုကြောင့် ပြည်သူလူထု ငွေကြေး အခက်အခဲဖြစ်မှုကို လျော့နည်း စေဖို့အတွက် ရည်ရွယ် ရေးဆွဲတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ စနစ်ဟာ ပြည်သူလူထုရဲ့ ကျန်းမာရေး အာမခံ စနစ် ရွေးချယ်စရာ နည်းလမ်း တစ်ခုဖြစ်တဲ့ အပြင် ကျန်းမာရေး စောင့်ရှောက်မှု ဘဏ္ဍာ ငွေဖြည့်တင်းရေး နည်းလမ်းများ ထဲမှ တစ်ခု အပါအ၀င်လည်း ဖြစ်ပါတယ်။

ဒါတင် မကသေးဘဲ  ကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူများ အညီအမျှ ရရှိစေပြီး များပြား လှတဲ့ ကျန်းမာရေး ကုန်ကျစရိတ် ကိုလည်း အကာအကွယ်ပေး ထောက်ပံ့ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ မှာတော့ နိုင်ငံတော်မှ ကျန်းမာရေး အသုံး စရိတ်ကို လေးဆတိုး သုံးစွဲလာ ပေမယ့်  လုံလောက်မှု မရှိနိုင်တဲ့ အတွက် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများ နည်းတူ ငွေကုန်ကြေးကျ စရိတ်လျော့ နည်းစေဖို့နဲ့ ပြည်သူလူထုပါ ပါဝင်နိုင်မယ့် အဆိုပါ အစီအစဉ်ကို ရေးဆွဲဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့