Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

တိမ်ဝှက်လမင်း


လူမျိုးစုပေါင်းများစွာ
နေထိုင်ရာဒီကမ္ဘာမှာ
ငြိမ်းချမ်းခြင်းအလင်းရောင်
ထာဝစဉ်လင်းလက်စေဖို့
မြတ်ဗုဒ္ဓရဲ့မြတ်တရား
လူတိုင်းနှလုံးသားမှာ
ရှိနေကြရင်ကောင်းမယ်။

အီကွေးရှင်းချမရတဲ့
လူမျိုးစုတွေရဲ့ကြား
စစ်ပွဲပေါင်းများစွာက
ရေတံခွန်လိုစီးဆင်းရင်းစီးဆင်း
ကမ္ဘာမြေဟာလည်း
သွေးရနံ့တွေကြောင့်
ငြိမ်းချမ်းခြင်းအလှတရား
ကြေမွပျက်စီးခဲ့ရပေါ့။

ရှင်သန်ခြင်းအစ
သေဆုံးခြင်းအဆုံး
လူဖြစ်မရှုံးရအောင်
ငါတတ်စွမ်းသောပညာ
ကဗျာဆရာအဖြစ်နဲ့သာ
ကမ္ဘာမြေငြိမ်းချမ်းဖို့အရေး
အလင်းတံခါးဖွင့်လို့ပေးမယ်။    ။
                         
ကမ္ဘာမြေပေါ်ကလူသားတိုင်းကိုငြိမ်းချမ်းရေးရစေချင်တာ
တစ်ခုတည်းသောကိုလင်းဆန္ဒပါ.....
ငြိမ်းချမ်းရေးကိုဖျက်ဆီးသောလူမျိုးစုတွေကိုအရမ်းမုန်းတယ်
မြန်မာပြည်မှာအဲဒီလိုလူမျိုးစုကိုလုံးဝလက်သင့်မခံနိုင်ပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့