Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

******ကျနော်လိုချင်သောသူမအချစ်****


လောကကြီးတစ်ခုလုံး အရောင်တလက်လက်နဲ့ ဝင်းပစွာ ရွှန်းစိုနေချိန် အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ရဲ့ မြူးတူးပျော်ပါးချိန်လို သန့်ရှင်းနေတဲ့ ပတ်ဝန်းကျင်ကြီး မက်မောစရာကောင်းလိုက်ပါဘိ……………….
လက်နဲ့ တို့ထိလိုက်တဲ့ အရာအားလုံးဟာ ပျော်ရွှင်ခြင်းတွေအတိနဲ့ ဖြစ်နေခဲ့တယ် ……
ထိုအချိန်ကပေါ့ ကျွန်ုပ်လက်နဲ့တို့ ထိမိခဲ့တဲ့ ထိုအရာတွေထဲမှာ သူမ လည်းအပါအ၀င်ဖြစ်ခဲ့တယ်….။
တိုက်ဆိုင်တာလား ထူးခြားတာလားမသိ သူမကိုစတွေ့ မိတဲ့ နေ့ လေးက 16.7.2011 ကျွန်ုပ်မွေးနေ့…………
ကံတရားကပဲဆန်းကြယ်လွန်းသလား သူမကိုယ်တိုင်ကပဲ ဆွဲဆောင်နိုင်လွန်းသလား ဆိုတာ မဝေခွဲနိုင်ခင်မှာပဲ ကျွန်ုပ်ရဲ့ စိတ်တွေ သူမဆီမှာ ကျရှုံးသွားခဲ့တယ် ……….
သူမရယ်……. “လှလိုက်တာ………..” လို့ပြောရင် ချီးကျူးမှုမလုံလောက်လို့ အပြစ်တင်တာတောင်ခံရပါဦးမယ် နတ်ပြည်က နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါးလို……. သူမရဲ့ စကားသံလေးက နတ်သမီးလေးတစ်ပါး နတ်စောင်းတီးလို့ ထွက်ပေါ်လာတဲ့ အသံလို………..
အို !!! သူမအတွက် အရာရာတိုင်းဟာ နှိုင်းယှဉ်စရာ ရှားပါးခဲ့လေပြီ……..။
မဖုံးကွယ်စတမ်းဆိုရရင် ကျွန်ုပ်ဆိုတဲ့ သူက အညတရကောင်လေးပေါ့……အရာရာတိုင်းမှာ သူ့ တန်ဖိုးနဲ့ သူရှိကြတယ်ဆိုပေမယ့် မမျှတလွန်းတဲ့ တန်ဖိုးတွေအတွက်တော့ တိုင်းတာစရာ စံနှုန်းတွေ ပျောက်ရှခဲ့တယ်……
ရွှေပင်ပေါ်နားတဲ့ ရွှေကျေးလေးရယ် မင်းကိုချစ်မိတာ ဒီကောင်လေးအတွက် တိုက်ပွဲတွေကို စိန်ခေါ်မိသလိုများဖြစ်ခဲ့ပြီလား…….
သူမရယ် ဘာကြောင့်များ ကျွန်ုပ်ရဲ့ စိတ်ဝိညာဉ်ကို လွှမ်းမိုးချုပ်ကိုင်လွန်းနေတာလည်း ၀င်သက်ထွက်သက်တွေနဲ့ အတူ လုပ်ဆောင်မှု အရာရာတိုင်းဟာ
သူမရဲ့ အကြောင်းတရားတွေနဲ့ လွှမ်းခြုံနေခဲ့တယ်………
ဒါ သူမရဲ့ ညှို့ ချက်များလား……….?????
အမြဲတမ်းပြောင်းလဲနေတဲ့ လောကကြီးထဲက ကျွန်ုပ်တို့ လည်းတစ်ချိန်မှာ
ပြောင်းလဲမသွားပါဘူးလို့ ဘယ်သူတပ်အပ်ပြောနိုင်ပါ့မလည်း………???
သို့ သော် ကျိန်ဆိုကျိန်ရဲပါ၏ ကျွန်ုပ်အတွက်မှာတော့ ပြောင်းလဲစရာအကြောင်းတရား မြူမှုန်တစ်မှုန်မျှတောင်မရှိတာသေချာလေပြီ သူမကိုနှစ်နှစ်ကာကာမြတ်နိုးမိတဲ့ စိတ်စွမ်းအားတွေက ကျွန်ုပ်ကို ထိန်းချုပ်သွားခဲ့ပြီ မဟုတ်ပါလား…………….
ထိုနည်းလည်းကောင်းပဲ သူမရယ် ဖြစ်နိုင်ရင်လေ ကျွန်ုပ်တောင်းဆုလေးတစ်ခုလောက်ပြုပါရစေလား
မပြောင်းလဲတဲ့ချစ်ခြင်းသစ္စာတွေနဲ့အတူ အသက်ထက်ဆုံးမခွဲခွာပဲဆံဖြူသွားကျိုးတဲ့အထိပေါင်းဖက်ရပါလို၏ လို့ပေါ့
သက်ဆိုင်သူရယ် ကျွန်ုပ်ရဲ့ ဒီဆုတောင်းလေးကိုမြင်ရင် မင်းပြုံးရယ်နိုင်ပါတယ် ဒါပေမယ့်ဒါဟာ ရင်ဘတ်တစ်ခုလုံးရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေပေါ်ထွက်လာတဲ့ ရှိုက်ငိုသံလို့ပြောရင် မှားမယ်မထင်ပါဘူးကွာ………….
ကမ္ဘာဦးအစကထည်းကနေ ယနေ့ထိ အကြီးကျယ်ဆုံး ဒုက္ခဆိုပြီးစာတွေကဗျာတွေမှာတောင်တင်စား
ဖွဲ့ နွဲ့ ခဲ့ကြတဲ့ ချစ်သူနဲ့ ကွေကွင်းရခြင်း ဆိုတဲ့ ဒုက္ခ………..!!
ဒီဒုက္ခကို ခံစားရတဲ့ ဒုက္ခသည်တွေထဲမှာ တစ်ယောက်သောသူအဖြစ်နေရာယူမိသွားမှာ အရမ်းကြောက်နေမိတယ်……..
တစ်ယောက်သောသူက ကျွန်ုပ်ကိုပြောပြဖူးတယ် ဟိုး……….အရှေ့ ကိုသိပ်မတွေးနဲ့တဲ့
ဒီနေ့ အကြောင်းပဲတွေးပြီး ဒီနေ့မှာပျော်အောင်နေတတ်ရမယ်တဲ့ …..
မှန်ပါတယ်လေ ဒါက လက်တွေ့ ပျော်အောင်နေနည်းတစ်ခု……….!!
အော် ဒါပေမယ့် လူ့ ဘ၀ဆိုတာမျိုးက တသမတ်ထဲကိုလှည့်ပတ်ရုန်းကန်လို့ ရတဲ့ အရာမျိုးလား ??
လက်တွေ့ မှာ ပျော်ချင်ရင် ဟိုးအရှေ့ ကိုလည်း ကြိုမတွေးလို့ ဘယ်ရနိုင်မလည်းလေ …….
တစ်ခုတော့လောကကြီးကို သက်သေထားပြီး သစ္စာစကားဆိုချင်ပါသေးတယ် ကျွန်ုပ်သူမကို မြတ်နိုးစွာချစ်မိသည်မှာ ချုပ်နှောင်ခြင်းကင်းတဲ့ ပေးဆပ်ခြင်းသက်သက်နဲ့ သာ ချစ်ခဲ့တယ်ဆိုတာ ကျွန်ုပ်ကိုယ်ကို စောင့်တဲ့ ကိုယ်စောင့်နတ်မင်းကြီးကော အာမခံပေးနိုင်မယ်လို့ ယုံကြည်မိတယ်……..
သူမဆီက ရနိုင်မယ့်အရာတွေထဲမှာ ကျွန်ုပ်အလိုချင်ဆုံးနဲ့ တကယ်မျှော်လင့်နေမိတာ ကျွန်ုပ်မြတ်နိုးရတဲ့
“ သူမရဲ့ အချစ် !!!!! ”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့