Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

မီးသတ် လုပ်ငန်းနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အထောက်အကူပြုရေး ဖောင်ဒေးရှင်း အသင်း ဖွဲ့စည်းမှုအား မှတ်ပုံတင် ထားပြီးဖြစ်


မီးသတ် ဦးစီးဌာနမှ ဆောင်ရွက်မယ့် မီးသတ် လုပ်ငန်းနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အထောက်အကူပြုရေး ဖောင်ဒေးရှင်း ဖွဲ့စည်းမှု အတွက်
အသင်း ဖွဲ့စည်းမှုကို မှတ်ပုံတင် ထားတယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အသင်း ဖွဲ့စည်းခြင်း မှတ်ပုံတင်မှုကို လက်ရှိမှာ ပြည်ထဲရေး ၀န်ကြီး ဌာနသို့ တင်ပြ ထားတာ ဖြစ်ပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းဟာ ပြည်သူများ အတွက် ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒများ ချမှတ်ခြင်း၊ သဘာဝ ဘေးအန္တရာယ် ခံစားရတဲ့ နေရာတွေမှာ ပစ္စည်းများ ထောက်ပံ့ လှူဒါန်းမှုများနဲ့ အလှူငွေ ပေးအပ်မှုများကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရာမှာ ပြည်တွင်းရှိ မီးသတ် လုပ်ငန်းများနဲ့ အသက် ကယ်ဆယ်ရေး လုပ်ငန်း တွေမှာ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ၊ နိုင်ငံတကာ NGO အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင် ဖွဲ့စည်းခဲ့ပြီး မီးသတ်ဦးစီး ဌာနမှ အငြိမ်းစား အရာရှိများ၊ ပုဂ္ဂလိက ကုမ္ပဏီများမှ မီးသတ် ပစ္စည်း ထုတ်လုပ် ရောင်းချ သူများနဲ့ မီးသတ် လုပ်ငန်းနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများမှာ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များနဲ့ ပါဝင် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့