Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့


နိုင်ငံ အသီးသီးကို ရောက်ရှိ နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး များကို အကာအကွယ် ပေးနိုင်ဖို့ အတွက် ရွှေ့ပြောင်း
အလုပ်သမားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ဖွံ့ဖြိုးရေး အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ အသင်း ထူထောင်ခြင်း၊ အလုပ်အကိုင် ရှာဖွေရေးမှာ ပွဲစားများ ပပျောက်အောင် ဆောင်ရွက်ခြင်း၊ အလုပ်သမား စေလွှတ် သင့်တဲ့ နိုင်ငံများနဲ့ သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားများ အနေနဲ့ မြန်မာ့ အာမခံ လုပ်ငန်းမှာ အသက် အာမခံ ထားရှိခြင်း စတဲ့ အချက်တွေကို ဆွေးနွေးခဲ့ ကြပါတယ်။

ဒါ့အပြင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက် စာချုပ်မှာ ပါရှိတဲ့ အချက်အလက် များကို ထပ်မံ ဖြည့်စွက်ခြင်း၊ အလုပ်သမားများ အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်း၊ ပြည်ပသို့ သွားရောက် လုပ်ကိုင်ခြင်း အတွက် နိုင်ငံတော်ကို ပေးသွင်းဖို့ လိုအပ်တဲ့ငွေ အပြည့်အ၀ ပေးသွင်းခြင်း စတာတွေ ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အလုပ်သမား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးနဲ့ တာဝန်ရှိ သူများ၊ ပြည်ပ အလုပ်အကိုင် ကြီးကြပ်ရေး ကော်မတီမှ ကော်မတီဝင်များ၊ ပြည်တွင်းပြည်ပ အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ များမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံရှိ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ NGO အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့