Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်သမား ဆိုင်ရာ ဥပဒေသစ်များ ရေးဆွဲလျက်ရှိ


အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ အလုပ်သမား ဆိုင်ရာ ဥပဒေများကို ရေးဆွဲလျက် ရှိတယ်လို့ အောက်တိုဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့
ရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။ အသစ် ရေးဆွဲနေဆဲ ရှိတဲ့ ဥပဒေတွေ အနေနဲ့တော့ အနည်းဆုံး အခကြေးငွေ ဥပဒေ၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ၊ ဆိုင်များနဲ့ အလုပ်ဌာနများ ဥပဒေ တွေကို ရေးဆွဲနေ တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ပသို့ သွားရောက် အလုပ် လုပ်ကိုင်သူတွေ အတွက် ရည်ရွယ်ပြီး အလုပ်သမား လျော်ကြေး ဥပဒေ၊ ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေနဲ့ လုပ်ခပေးရေး ဥပဒေ အစရှိတာ တွေကို ရေးဆွဲ နေဆဲ ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ အလုပ်သမား အဖွဲ့အစည်း ဥပေဒ၊ အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနဲ့ လူမှုဖူလုံရေး ဥပဒေ စတာ တွေကို အသစ်ရေးဆွဲ ပြဌာန်းပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြဋ္ဌာန်းထား ရှိပြီးတဲ့ ဥပဒေ တွေနဲ့အညီ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ ကိုလည်း ဥပဒေ ထဲမှာ ပါဝင်တဲ့ ကဏ္ဍ အလိုက် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အခုလို အလုပ်သမား ၀န်ကြီးဌာန အနေ နဲ့လည်း ပြဋ္ဌာန်း ထားရှိပြီးတဲ့ ဥပဒေတွေကို ဥပဒေပါ အကျိုး ခံစားခွင့်များ အတွက် စည်းကြပ် ဆောင်ရွက်မှု များကို ဌာနရဲ့ ရည်မှန်းချက် တစ်ခု အဖြစ် ထားရှိပြီး ပြုလုပ်လျက် ရှိတယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့