Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

ပြည်တွင်း၌ တစ်နှစ်လျင် လူဦးရေ ၁ သိန်းတွင် ၃၅၀ ခန့် အရိုးပါး ရောဂါ ဖြစ်ပွားလျက် ရှိနေ


ပြည်တွင်းမှာ တစ်နှစ်ကို လူဦးရေ ၁ သိန်းမှာ ၃၅၀ ခန့်ဟာ ပေါင်ထိပ်ရိုး ကျိုးတဲ့ အရိုးပါး လူနာတွေ အဖြစ် တွေ့ရှိနေ ရတယ်လို့ အောက်တိုဘာလ ၂၀
ရက်နေ့က သူနာပြု တက္ကသိုလ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အရိုးပါး ရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အရိုးပါး ရောဂါဟာ အသက် ၇၀ကျော် ရှိသူများနဲ့၊ စောစီးစွာ သွေးဆုံးပြီ ဖြစ်တဲ့ အမျိုးသမီးများ၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသူများ၊ ကယ်လဆီယမ် ဓာတ်ချို့တဲ့ သူများ၊ နာတာရှည် ရောဂါ ရှိသူများ၊ စတီရွိုက် ဟော်မုန်း တာရှည် သုံးစွဲသူများ၊ ဆေးလိပ် အရက်အလွန်အကျွံ သုံးစွဲ သူများနဲ့ မိသားစု အတွင်း အရိုးကျိုး၊ အရိုးပါး၊ မျိုးရိုးဗီဇ ရှိသူများနဲ့ လေးဖက်နာ ရှိသူတွေမှာ အရိုးပါး၊ အရိုးကျိုး ရောဂါအဖြစ်များ တတ်တယ်လို့ သိရပါတယ်။

အဆိုပါ အရိုးပါး၊ အရိုးကျိုးရာမှာ တင်ပါဆုံရိုး ကျိုးခြင်းနဲ့ ခါးဆစ်ရိုး ကျိုးခြင်း တို့ဟာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အရိုးပါး ရောဂါဖြစ်ပွားနှုန်း ကျဆင်းရေး အတွက် မြန်မာနိုင်ငံ ဆရာဝန် အသင်းကြီးက ဦးဆောင်ပြီး Special Interest Group Study of Ostoporosis လို့ခေါ်တဲ့ ပညာရှင် အဖွဲ့တစ်ဖွဲ့ ခုဖွဲ့ပြီး စဉ်ဆက်မပြတ် ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု တွေအပြင် အဆိုပါ ရောဂါဖြစ်ပွားမှု နှုန်းကျဆင်းရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ Guide Line များ ပြုစုထုတ်ဝေ ဖို့လည်း ပြင်ဆင်လျက် ရှိနေတယ်လို့ သတင်း ရရှိ ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့