Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်း ဖက်မှုများ နှင့် ပတ်သက်၍ အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေငြာချက် ထုတ်ပြန်


ရခိုင်ပြည်နယ် ဒေသ အချို့တွင် အစော တလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု (သို့မဟုတ်) အန္တရာယ် ဖြစ်လိမ့် မည်ဟု စိုးရိမ် ဖွယ်ရှိ သဖြင့် တားဆီးနိုင်ရန် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့် ထုတ်ပြန်ထား ရှိပါသည်။

ယခုအခါ ရခိုင် တိုင်းရင်းသားနှင့် ဘင်္ဂါလီ လူမျိုးတို့ အကြား ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ အမ်းဒေသများတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွား လာသဖြင့် လူအသေ အပျောက်များ ရှိခဲ့ပြီး ဒဏ်ရာ ရရှိသူ အများအပြား လည်းရှိကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိရပါသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယစိုက်ထုတ် ဆောင်ရွက်ရန် လိုအပ်နေပါသည်။

နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုထိရောက်သော လုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းပါသည်။

(၂၄.၁၀.၂၀၁၂)တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့