Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 October 2012

ပြည်ခိုင်ဖြိုးဖွဲ့စည်းပုံအသစ်အရ ထိပ်ပိုင်း ခေါင်းဆောင်များ နှုတ်ထွက်ပြီး ပြန်ရွေးမည်

နေပြည်တော်၊အောက်တိုဘာ၊၁၆

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ပါတီညီလာခံ ၂၀၁၂ တိတိယနေ့မြောက် ၁၆-၁၀-၂၀၁၂ အင်္ဂါနေ့နံနက် ၁၁နာရီ မိနစ် ၅၀ တွင် ပါတီ၏ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများ နုတ်ထွက်ကြောင်း ပါတီညီလာခံ သဘာပတိမှ တရားဝင်ကြေညာခဲ့သည်။

“ပြည်ခိုင်ဖြိုးဖွဲ့စည်းပုံအသစ်အရ ဗဟိုကော်မတီနှင့်အရန်ဗဟိုကော်မတီဝင်အရေအတွက် (၁၄)ဦးလျော့မည်”

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်အသစ်ဖွဲစည်းမည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်
နှင့်အရံဗဟိုကော်မတီဝင်တို့တွင် မူလအရေ အ တွက်အောက်(၁၄)ဦးလျော့ချဖွဲစည်းမည်ဟုသိရသည်။

မူလဖွဲ့စည်းထားသည့် ဗဟိုကော်မတီဝင်နှင့်အရန်ဗဟိုကော်မတီဝင် စုစုပေါင်းမှာ ဦးရေသုံးရာဖြစ်သည်။

ယင်းအရေအတွက်တွင် ဗဟိုကော်မတီဝင်ဦးရေစုစုပေါင်းမှာ ၂၂၅ဦးရှိပြီး အရန်ဗဟိုကော်မတီဝင်မှာမူ(ရ၅)ဦးဖြစ်သည်။

ယနေ့အသစ်ဖွဲစည်းမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော်
မတီဝင်များခွဲဝေမူလျာထားချက်မှာ စုစုပေါင်း(၂၈၆)ဦးဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌယနေ့ရွေးချယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂)တတိယနေ့ဖြစ်သော ယနေ့မွန်းလွဲပိုင်းတွင် ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊
နာယကအဖွဲ့၊ အထွေထွေအတွင်းရေးမှုး တွဲဖက်အထွေထွေအတွင်းရေးမှုး၊ အတွင်းရေးမှုးများ ရွေးချယ်ခြင်းတို့ကိုပြုလုပ်မည်ဟု ပြည်ခိုင်ဖြိုး
ပါတီ၊ ပြန်ကြားရေး ဆပ်ကော်မတီက တရားဝင်သတင်းထုပ်ပြန်ထားသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့