Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လုပ်သား အင်အား စစ်တမ်း ကောက်ယူမည်


၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်မယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူ အပြီး ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ပြည်တွင်းရဲ့ လုပ်သား အင်အား စစ်တမ်းကို
ဆက်လက် ကောက်ယူ သွားဖို့ ရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို လုပ်သား စစ်တမ်း ကောက်ယူဖို့ ဆောင်ရွက် ရတာဟာ အလုပ်သမား ဆိုင်ရာ အချက် အလက်တွေနဲ့ ပတ်သတ်ပြီး ပိုမိုတိကျတဲ့ ကိန်းဂဏန်းများ ရရှိနိုင်ဖို့ ဖြစ်ပါတယ်။

အလုပ်သမား ၀န်ကြီးဌာန ကနေ လုပ်သား အင်အား စစ်တမ်းကို ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့ တာဖြစ်ပြီး အဲ့ဒီ နောက်ပိုင်းမှာ ထပ်မံ ကောက်ယူ ထားတာ မရှိသေးဘူးလို့ သိရပါတယ်။ ဒီလို လုပ်သား စစ်တမ်း ကောက်ယူပြီးရင် အလုပ်လက်မဲ့ နှုန်းထားတွေ ကိုလည်း အတိအကျ ထုတ်ပြန် ပေးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ၂၀၁၁ ခုနှစ်ရဲ့ ပြည်တွင်း အလုပ် လက်မဲ့နှုန်းဟာ ၄ ရာခိုင်နှုန်း ရှိနေပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာကာ အလုပ် လက်မဲ့နှုန်း လျော့ကျ သွားနိုင်တာ ဖြစ်ပါတယ်။ အခုလို ပြည်တွင်း လုပ်သားတွေနဲ့ ပတ်သက်ပြီး စစ်တမ်း ကောက်ယူမှု ဆိုင်ရာ လုပ်ငန်းစဉ် များကိုတော့ UN အဖွဲ့အစည်းတွေ ဖြစ်တဲ့ ILO နဲ့ NGO ၊ INGO အဖွဲ့အစည်း များမှ နည်းပညာပိုင်း ဆိုင်ရာ အကူအညီ များကို ရယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့