Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

မန္တလေးတိုင်း ဒေသကြီး အတွင်း စက်မှုဇုန် ၂ ခုတိုးချဲ့ တည်ဆောက်သွားရန် ဆောင်ရွက် လျက်ရှိ


မန္တလေး တိုင်းဒေသကြီး အတွင်းရှိ တပ်ကုန်း စက်မှုဇုန်နဲ့ ရတနာပုံ စက်မှုဇုန် ဆိုပြီး စက်မှုဇုန် နှစ်ခုကို တိုးချဲ့ တည်ဆောက်ဖို့ အတွက် စီစဉ် ဆောင်ရွက်
လျက်ရှိတယ်လို့ စက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဲဒီ့လို ထပ်မံတိုးချဲ့ သွားမယ့် စက်မှုဇုန်သစ် ၂ ခုထဲမှ တပ်ကုန်းစက်မှုဇုန် မှာတော့ ယခုလက်ရှိမှာ စီးပွားရေး လုပ်ငန်းရှင်များက မြေနေရာ လျှောက်ထားမှုများ ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရတနာပုံ စက်မှုဇုန်သစ် မှာတော့ ယခုလက်ရှိမှာ စက်မှုမြို့လေး အဖြစ် စက်ရုံ ၂၆ ရုံနဲ့ တည်ရှိနေတာ ဖြစ်ပြီး တရားဝင် စက်မှုဇုန် ဖြစ်ဖို့အတွက် စက်မှုစီမံခန့်ခွဲရေး ကော်မတီနဲ့ စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ ဆိုပြီး ကော်မတီ ၂ ခု ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကော်မတီ ၂ ခုမှ တဆင့် သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး များရဲ့ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနကို တင်ပြပြီး တရားဝင် စက်မှုဇုန်ဖြစ်ဖို့ အတွက် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီစက်မှုဇုန် သစ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ နိုင်ငံခြားမှ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမားများ အနေနဲ့ ပြည်တွင်းမှာ လုပ်ကိုင်ခွင့်များ ပိုမိုရရှိလာရေး စတဲ့ ရည်ရွယ်ချက်များနဲ့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ထပ်မံ တိုးချဲ့ စက်မှုဇုန် ၂ ခုမှာတော့ ကားလုပ်ငန်းများ၊ အထည်အလိပ် လုပ်ငန်းများ၊ ဂိုဒေါင်များ၊ ရေသန့် စက်ရုံများနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်စေနိုင်မယ့် လုပ်ငန်းများ ပါဝင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိ မန္တလေးတိုင်း ဒေသကြီးမှာ မန္တလေး စက်မှုဇုန်၊ မိတ္ထီလာ စက်မှုဇုန်နဲ့ မြင်းခြံစက်မှုဇုန် ဆိုပြီး စက်မှုဇုန် ၃ ခုရှိပြီး ယခုတိုးချဲ့မယ့် စက်မှုဇုန် ၂ ခုနဲ့ဆိုပါက စုစုပေါင်း စက်မှုဇုန် ၅ ခုဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ တစ်နိုင်ငံလုံးမှာ စက်မှုဇုန် ၁၈ ခုရှိပြီး ထပ်မံတိုးချဲ့ တည်ဆောက်နေတဲ့ စက်မှုဇုန် ၇ ခု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့