Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

အောက်တိုဘာ လအတွင်း နှင်းကမ္ဘာ ဥယျာဉ် ဖွင့်လှစ်နိုင်ရန် ပြုလုပ်လျက်ရှိ


လက်ရှိ ကန်တော်ကြီး ဥယျာဉ် အတွင်းမှာ ဆောက်လုပ် ထားတဲ့ ရေခဲကမ္ဘာ ဥယျာဉ်ကို လာရောက် သူများ အမြင်တစ်မျိုး ခံစားနိုင်ဖို့ အတွက် နှင်းကမ္ဘာ
ဥယျာဉ် အဖြစ် ပြောင်းလဲ တည်ဆောက် နေပြီး အဆိုပါ ဥယျာဉ်ကို အောက်တိုဘာ လအတွင်း ဖွင့်လှစ်နိုင်ဖို့ ပြုလုပ် လျက်ရှိတယ်လို့  Asia Myanmar Constorium Development မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အခုလို ဆောက်လုပ် လျက်ရှိတဲ့ နှင်းကမ္ဘာ မှာတော့ ကလေးများ အတွက် The Smurf ရုပ်ထုလေးများ၊ အန်းဂရီးဘက် ရုပ်ထုများ၊ နှင်းရုပ်ထုများ အပြင် တရုတ်-ဗမာ ပန်းပု လက်ရာများ၊ တရုတ်မဟာ တံတိုင်း ပုံစံများ အစရှိတာ တွေကို ထုလုပ် ပြသ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှင်းကားများ၊ နှင်းလျှောစီးမှုများ အစရှိတာတွေကိုပါ စီးနင်း နိုင်အောင်လည်း ပြုလုပ် ထားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ နှင်းကမ္ဘာကို ဆောက်လုပ် လျက်ရှိပြီး ပြီးစီးမှု အနေနဲ့ ၈၀ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီ လာမယ့် အောက်တိုဘာလ ၂၀ ရက် ၀န်းကျင်မှာ ဖွင့်လှစ် နိုင်မယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့