Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 October 2012

ပျိုမေတို့ရွေးချယ်မည့်ယောကျာ်းကောင်းတို့၏အမူအကျင့်များ



အမျိုးသမီးများအနေနဲ့ဘ၀ခရီးလမ်းပေါ်လျှောက်လှမ်းရာတွင်မိမိနှင့်သင့်လျော်မည့်လက်တွဲဖော်ကောင်းကိုရှာဖွေကြရမည်။အမျိုးသမီးအားလုံးပင်ယောကျာ်းကောင်းအင်္ဂါနှင့်ပြည့်စုံသောယောကျာ်းမျိုးနှင့်လက်တွဲလိုကြသည်။မျမျတသက်တာလက်တွဲရမည့်ယောကျာ်း၏အမူအကျင့်နှင့်ကိုယ်ကျင့်တရားတို့ကောင်းမွန်မူရှိမရှိသိရှိနိုင်ရန်အချိန်အတိုင်းအတာတခုအထိလေ့လာကြရမည်။ပျိုမေများအတွက်အရွေးမမှားရလေအောင်သတိပြုရမည့်ယောကျာ်းကောင်းတို့၏အမူအကျင့်များကိုမျှဝေပေးလိုက်ပါတယ်။

                  သစ္စာရှိသူ
အမျိုးသမီးတယောက်ရွေးချယ်သင့်သည့်ယောကျာ်းအမျိုးအစားထဲတွင်သစ္စာရှိသောယောကျာ်းမျိုးမှာအဓိကဖြစ်သည်။သင့်ကိုတရားဝင်လမ်းခွဲသွာဒသောယောကျာ်းမျိုးထက်နောက်ကွယ်တွင်ကျိတ်ပုန်းခုတ်တတ်သောယောကျာ်းမျိုးကိုပိုမိုသတိပြုရှောင်ရှားသင့်ပါတယ်။ထို့ကြောင့်ဂတိသစ္စာကိုအလေးထားသောယောကျာ်းမျိုးကိုဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်သင့်ပါတယ်။

                           ရိုးသားသူ
ယောကျာ်းကောင်းတယောက်အတွက်ရိုးသားမူသည်များစွာအရေးပါပါသည်။ရိုးသားသည်ပာုဆိုရာတွင်သင့်တယောက်တည်းအပေါ်တွင်သာကွက်ရ်ျရိုးသားနေခြင်းမျိုးမပာုတ်ပဲအခြားသောပတ်ဝန်းကျင်ရှိလူမျးအပေါ်တွင်ပါရိုးသားမူရှိ မရှိဆန်းစစ်သင့်ပါသည်။သူ့သူငယ်ချင်းများအပေါ်တွင်ပင်အလွယ်တကူလိမ်လည်လှည့်ဖျားတတ်သောသူတယောက်ဖြစ်ပါကမယုံကြည်သင့်သောယောကျာ်းစာရင်းထဲတွင်ထည့်သွင်းသင့်ပါသည်။သင့်အပေါ်တွင်ပာန်ဆောင်ထားသောသူ၏ရိုးသားမူများသည်တနေ့နေ့တချိန်ချိန်ရောက်သောအခါပိုရ်ျသံသယပွားစရာဖြစ်လာတတ်ပါသည်။


             ငွေကြေးကိုကောင်းစွားစီမံခန့်ခွဲတတ်သူ

ယောကျာ်းကောင်းတယောက်၏အဓိကထူးခြားချက်မှာပိုက်ဆံအမြောက်အမြားရှာဖွေခြင်းမပာုတ်ပဲရရှိထားသည့်ပိုက်ဆံကိုကောင်းစွားစီမံခန့်ခွဲတတ်ခြင်းဖြစ်သည်။ငွေကိုရေလိုသုံးတတ်သောယောကျာ်းမျိုးသည်တသက်တာအတွက်လက်မတွဲသင့်သောယောက်ျားမျိုးဖြစ်သည်။ထို့ကြောင့်သူ၏ငွေကြေးသုံးစွဲပုံကိုအချိန်ပေးလေ့လာကာစုဆောင်းချွေတာတတ်သူပာုတ်မပာုတ်ဆန်းစစ်ပါ။

             ပာာသဥာဏ်ရှိသူ
မိန်းခလေးများအတွက်ရွေးချယ်သင့်သောယောကျာ်းကောင်းတို့၏ထူးခြားချက်များတွင်ပာာသဥာဏ်ရှိမူလည်းပါဝင်သည်။သင့်ကိုရယ်မောအောင်ပြုလုပ်နိုင်ကာသူကိုယ်တိုင်လည်းရယ်ရယ်မောမောနေတတ်သောယောကျာ်းမျိုးသည်သင်လျှောက်လှမ်းမည့်ရှေ့ဘ၀ခရီးလမ်းတလျှောက်ပေါ့ပါးမူများကိုပေးစွမ်းနိုင်သောအရည်အချင်းရှိသူဖြစ်သည်။မရယ်မပြုံးနှင့်တည်လွန်းသောယောကျာ်းမျိုးမှာရေရှည်တွင်သင့်စိတ်ကိုမသက်မသာခံစားလာရစေနိုင်ပါသည်။မျက်နှာဗြဲစပ်သိက္ခာမရှိသောယောကျာ်းများကိုလည်းသတိထားရှောင်ရှားသင့်တယ်နော်။

                  လွပ်လပ်ပေါ့ပါးစွားနေထိုင်တတ်သူ

ဘ၀၏အရေးတကြီးဆုံးဖြတ်ချက်ချနိုင်မည့်အချိန်များမှလွဲရ်ျကျန်သာမန်အချိန်များတွင်ပေါ့ပေါ့ပါးပါးနေတတ်ထိုင်တတ်သူသည်သင့်ကိုစိတ်လက်ပေါ့ပါးမူပေးနိုင်သူဖြစ်သည်။မလိုအပ်ပါပဲနှင့်သောကရောက်ခံစားရအောင်ပူပင်ညည်းညူတတ်သူဆိုပါကတသက်တာလက်တွဲရန်တွေးတောရပေလိမ့်မည်။

      ဆက်ဆံရေးပြေပြစ်သူ။
ယောကျာ်းကောင်းတယောက်ရဲ့ကောင်းသောအချက်တချက်ပါ။သင့်မိဘဆွေမျိုးသားချင်းများနှင့်ဆက်ဆံရေးပြေပြစ်အောင်အတတ်နိုင်ဆုံးကြိုးစားနေနိုင်သည့်ယောကျာ်းမျိုးသည်ယောကျာ်းကောင်းတယောက်ဖြစ်သည့်အပြင်သင်စိတ်ဆင်းရဲမှာမမြင်ရက်လောက်အောင်သင့်ကိုချစ်သောသူဖြစ်ပါတယ်။ပတ်ဝန်းကျင်နှင့်လည်းဆက်ဆံရာတွင်သနားကြင်နာစွာဆက်ဆံသင့်သူများကိုဂရုဏာအပြည့်ဖြင့်ပြောဆိုတတ်သူကိုသာရွေးချယ်သင့်ပါသည်။မရွေးချယ်သင့်ဆုံးသောယောကျာ်းမျိုးမှာအသက်အရွယ်ကြီးငယ်မေ၇ွးရိုင်းပျစွာဆက်ဆံတတ်သူ၊သင့်မိဘအပေါ်ဆက်ဆံရေးမပြေပြစ်သူကိုသာဖြစ်ပါတယ်။

                      မိသားစုတန်ဖိုးကိုနားလည်တတ်သူ
အကောင်းဆုံးမိသားစုမှဆင်းသက်မွေးဖွားလာသူမပာုတ်သည့်တိုင်အောင်မိသားစုတန်ဖိုးကိုကောင်းမွန်စွာနားလည်သိရှိသူကိုပျိုမေတို့အဓိကထားရွေးချယ်သင့်ပါတယ်။သူကိုယ်တိုင်ပိုင်ဆိုင်ထားခြင်းမပာုတ်သည့်တိုင်အောင်မိဘရှိခြင်း၏တန်ဖိုးနှင့်မိသားစုအတွင်းရှိနွေးထွေးသောသံယောဇဉ်နှင့်မေတ္တာတရားတို့ကိုတန်ဖိုးထားနားလ်ာသောသူမျိုးကိုသာရွေးချယ်သင့်သည်။မိသားစု၏တန်ဖိုးနှင့်အနှစ်သာရတို့ကိုအလေးပေးတန်ဖိုးထားသူဖြစ်မှသာသင်နှင့်တည်ဆောက်မည့်မိသားစုဘ၀တွင်နွေးထွေးသာယာမူကိုအလေးထားဆောင်ရွက်နိုင်သောအိမ်ထောင်ရှင်ယောကျာ်းကောင်းတယောက်ဖြစ်ပါလိမ့်မယ်။

                   တက်တက်ကြွကြွနှင့်စိတ်ဓါတ်ခွန်အားအပြည့်ရှိသူ

ဘ၀အတွက်ရည်မှန်းချက်ပန်းတိုင်ထားရှိပြီးထိုပန်းတိုင်သို့အရောက်သွားရန်တက်ကြွစွာအားထုတ်ကြိုးပမ်းနေသောယောကျာ်းမျိုးသည်ပျိုမေတို့ရွေးချယ်သင့်သောလက်တွဲဖော်အမျိုးအစားထဲတွင်ပါဝင်ပါသည်။ရှိရင်းစွဲနေရာထက်ပိုမိုကောင်းမွန်သောနေရာသို့ရောက်ရှိရန်အားကြိုးမာန်တက်ကြိုးစားနေသောယောကျာ်းမျိုးမှာပျိုမေတို့ဘ၀အတွက်အာမခံချက်ပေးနိုင်မည့်လက်တွဲဖော်မျိုးဖြစ်ပါသည်။မည်သည့်အလုပ်ကိုလုပ်ကိုင်နေသည်ဖြစ်စေအကောင်းဆုံးလုပ်ကိုင်လိုသည့်သူ၏စိတ်ဆန္ဒတို့ကကောင်းမွန်သောအမြင့်တနေရာသို့ပို့ဆောင်ပေးရန်အကူအညီဖြစ်စေပါလိမ့်မည်။ယင်းကဲ့သို့ကြိုးပမ်းတတ်သောယောကျာ်းမျိုးသည်သင်စိတ်ချမ်းမြေ့ရန်အတွက်လည်းတက်တက်ကြွကြွနှင့်ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

ဖော်ပြခဲ့ပြီးသောအကြံပေးချက်လေးများကိုမှတ်သားထားပြီးသင့်လက်တွဲဖော်ရွေးချယ်မည့်အချိန်ရောက်ရှိလာသာ့်အခါသင့်လျော်သောအချက်လေးများနှင့်နှိုင်းယှဉ်ပြီးအနီးစပ်ဆုံးတူညီနိုင်မည့်ယောကျာ်းမျိုးကိုရှာဖွေပါပာုအကြံပေးပါရစေ။ယောကျာ်းလေးမျာဒအနေနှင့်လည်းဒီအချက်တွေကတူညီနိုင်အောင်ကြိုးစားပြီးဘ၀လက်တွဲဖော်နှင့်ပျော်ရွှင်သောဘ၀ခရီးလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့