Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 October 2012

အစိုးရ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ လားရှိုးမြို့ မှာတွေ့ ဆုံ ဆွေးနွေး

ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ (SSA-N/SSPP) တို့သည် နှစ်ဖက်တပ်များ နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် လားရှိုးမြို့တွင် အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှ စတင် ဆွေးနွေးနေကြောင်း သတင်းရရှိသည်။

ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုဝန်ကြီးအချို့ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည် တိုးတက်ရေးပါတီဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးခွန်ဆိုင်း အပါအ၀င် အဖွဲ့ဝင် ၁၀ ဦး တက်ရောက် ဆွေးနွေးနေကြသည်။

7Day News Journal

Photo-ဦးလှမောင်ရွှေ FB မှ




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့