Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 21 October 2012

သူသိစေဖို့


မင်းကိုသတိရတမ်းတတိုင်း
ကျခဲ့တဲ့  မျက်ရည်တွေကို
သိမ်းထားပြီး  recycle
ပြန်လုပ်ရောင်းရင်
ငါသန်းကြွယ်  သူဠေးဖြစ်မှာ
လီယိုနာဒိုလို   အသက်ပေးချစ်တာ
ငါမကြိုက်ပါဘူး
ဘာလို့လဲသိလား
ငါမှ   ကိတ်ဝင်းစလက်လို
အထီးကျန်  မလွမ်းချင်တာ......
နှစ်တရာ   ချစ်မယ်လို့တော့
အာမ  မခံပါဘူး
ဘာလို့လဲဆိုတော့
ငါမှ  နှစ်တရာ  အသက်မရှည်တာ........
ဒါပေမဲ့
မင်းသိထားဖို့က   ငါ့အတွက်တော့
မင်းရဲ့  နှစ်တရာအချစ်ကို
လိုချင်ပါတယ်........

မင်းနဲ့ငါဟာ  
မျဉ်းပြိုင်နှစ်ကြောင်းဖြစ်ခဲ့ရင်တောင်
မျက်နှာမူရာအရပ်တူချင်ပါတယ်
ဘာလို့လဲသိလား
ငါမင်းမျက်နှာလေးကိုကြည့်ပြီး
ဘ၀ခရီးဆက်ချင်လို့ပါ....
မင်းရင်ထဲမှာ
ယုံကြည်မှုတခုထားပေးပါ
ဘာလဲသိလား
ငါမင်းကို   ထာဝရ
လွမ်းနေတယ်ဆိုတာကိုပေါ့..........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့