Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းကို ယာယီဖွဲ့စည်း လိုက်ပြီဖြစ်


မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းကို ဖွဲ့စည်းနိုင်ဖို့ အတွက် စက်တင်ဘာ လခန့်မှ စတင် လုပ်ဆောင်ခဲ့ရာ ယခုအခါမှာ ယာယီ အသင်းအဖြစ်
ဖွဲ့စည်း တည်ထောင် လိုက်ပြီး ဖြစ်တယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့က UMFCCI မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ အသင်း တည်ထောင်ခြင်း အခမ်းအနားမှ သိရပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ လက်လီ ရောင်းချ နေတဲ့ ဆိုင်ပေါင်း ၂ သိန်း နီးပါးခန့်ရှိပြီး အဆိုပါ ဆိုင်များ အနေနဲ့ နိုင်ငံတော် GDP ရဲ့ ၈ ရာခိုင်နှုန်း အထိ အထောက်အကူ ပြုနိုင်ဖို့ ကျယ်ပြန့်တာ ဖြစ်ပါတယ်။

အဆိုပါ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းဟာ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အားလုံးရဲ့ တစ်ပေါင်း တစ်စည်း တည်းဖြစ်တဲ့ သဘောထားများကို ဖော်ထုတ် ပေးခြင်း၊ မြန်မာနိုင်ငံရှိ လက်လီ ရောင်းချရေး လုပ်ငန်းများ ခေတ်နဲ့အညီ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေပြီး၊  လက်လီ ရောင်းချမှု လုပ်ငန်း ဖွံ့ဖြိုးရေး၊ လုပ်ငန်း လွယ်ကူ ချော့မွေ့ စေရေးနဲ့ လုပ်ငန်း ပြန့်ပွားရေး စတဲ့ ရည်ရွယ်ချက် များနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အသင်းကို ၀င်ရောက် လိုသူများမှာ စားသုံးသူ လက်ထဲကို ပစ္စည်းများ တိုက်ရိုက် ရောင်းချနေတဲ့ လက်လီဆိုင်များ အားလုံးကို Retailer Member အဖြစ် သတ်မှတ်ပြီး၊  လက်လီ လုပ်ငန်းများနဲ့ ဆက်စပ်နေတဲ့ အသင်းဝင်များ ကိုတော့ associtate Member အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

ယခုလက်ရှိ ယာယီ ဖွဲ့စည်း ထားတဲ့ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းကို UMFCCI မှ ညီနောင် အသင်းသား အဖြစ် ပဏာမ လက်ခံ ထားတာ ဖြစ်ပါတယ်။ အဆိုပါ အသင်းကို စူပါမားကတ်၊ ဟိုက်ပါမားကတ်၊ ကုန်တိုက်များ အပါအ၀င် ကုန်ပစ္စည်း အမျိုးအစား တစ်ခုကို အထူးပြု ရောင်းတဲ့ ဆိုင်များ စတဲ့ လက်လီ အရောင်းဆိုင်များ အားလုံး အသင်းဝင်နိုင် မှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့