Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 21 October 2012

ယာဉ်တိုက် ခံရသူ မိသားစုက ပဲခူးရဲစခန်း လုပ်ရပ် အပေါ် ခရိုင်ရဲမှူး ထံ တိုင်ကြား

ပဲခူး၊ အောက်တိုဘာ၂၁

ပဲခူး တက္ကသိုလ် တွင် စာမေးပွဲ ဖြေရန် ဆိုင်ကယ် စီးနင်းသွားသူ ကျောင်းသားကို မော်တော်ယာဉ်ဖြင့် တိုက်မိခဲ့သူ အား ယာဉ်နှင့် တကွ ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ် ပေးခဲ့သော ပဲခူး အမှတ်၃ ရဲစခန်း၏ လုပ်ရပ်အပေါ် မကျေနပ် သဖြင့် ယာဉ်တိုက် ခံရသူ ၏ မိဘများ က ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးသို့ စာဖြင့် တိုင်ကြား ခဲ့ကြောင်း ကာယကံရှင် မိဘဖြစ်သူ ဦးဇော်နိုင် က ပြောကြား ခဲ့သည်။

ရုက္ခဗေဒ ပထမ နှစ် ကျောင်းသား ဖြစ်သူ မောင် ထက်ဝေယံ (၁၉နှစ်) သည် အောက်တိုဘာ ၅ ရက်နေ့ နံနက် ၁၁နာရီ ၄၅မိနစ် အချိန်တွင် စာမေးပွဲ ဖြေဆိုရန် (ဒုတိယနေ့) ပဲခူး -ရန်ကုန် လမ်းမကြီး အတိုင်း ပဲခူး တက္ကသိုလ် သို့ သွားစဉ် ဆီပေပါများ တင်လာသည့် ယာဉ်မောင်း အောင်အောင် ဆိုသူ မောင်းနှင် လာသော ၈စ/၉၈ဝ၆ အဖြူရောင် လိုက်ထရက် ယာဉ် သည် နောက်မှ ဝင်တိုက် ခဲ့သည်။

ဆိုင်ကယ် မောင်းနှင်သူမှာ မေးရိုး ကျိုးခြင်း၊ သွား ကျိုးခြင်း များ အပြင် ဝဲဖက်ပေါင် နှင့် လက် ကျိုးခြင်း၊ ယာဖက်လက် နှင့် ခြေထောက် အသားများ ကွဲကာ အရိုးများ ပေါ်ပြီး ဝမ်းဗိုက် ဘေလုံးကွဲ ဒဏ်ရာ များ ရရှိကာ ယခုလ ၁၂ ရက်နေ့ အထိ ပဲခူး ဆေးရုံကြီး တွင် တက်ရောက် ကုသမှု ခံယူ နေရကြောင်း ၎င်း၏ ဖခင်ဖြစ်သူ က ပြောပြသည်။

ယင်းဖြစ်စဉ် ဖြစ်ပွား ပြီးနောက် ပဲခူး အမှတ်၃ စခန်းမှ ရဲ တပ်ဖွဲ့ဝင် များ၊ ယာဉ်ထိန်း တပ်ဖွဲ့ များ ပါ လာရောက် စစ်ဆေးခြင်း များ ကို ပြုလုပ်ပြီး မော်တော်ယာဉ် နှင့် ယာဉ်မောင်း အား စစ်ဆေးရန် စခန်းသို့ ခေါ်ဆောင် သွားသော်လည်း အောက်တိုဘာ ၆ ရက်နေ့ တွင် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသဖြင့် ခရိုင်မှူး ထံသို့ တိုင်ကြား ခဲ့သောကြောင့် အောက်တိုဘာ ၈ ရက်နေ့ တွင် ပြန်လည် ဖမ်းဆီး ခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"ဖြစ်ဖြစ်ခြင်း အမှု မဖွင့် နိုင်သေးဘူး၊ ဆေးကုမယ့် ကိစ္စက အရေး ကြီးနေ လို့၊ ၉ ရက်နေ့ ကျမှပဲ အမှု ဖွင့်ဖြစ်တယ်'' ဟု မိခင်ဖြစ်သူ ဒေါ်ကြူကြူမိုး က ဆိုသည်။

ထိုဖြစ်စဉ် နှင့် ပတ်သက်၍ ပဲခူးမြို့ရှိ စက်သုံး ဆီ ရောင်းဝယ်ရေး ပိုင်ရှင်လည်း ဖြစ် အဆိုပါ မော်တော် ယာဉ် ပိုင်ရှင်လည်း ဖြစ်သူ တို့က လူမှုရေး အရ ကူညီ ဆောင်ရွက်ပေးခြင်း၊ ဆေးဝါ ကုသ ရာ တွင်လည်း ကူညီ ထောက်ပံ့မှု များ ပြုလုပ်ပေးခြင်း မရှိပေ။

ဆေးရုံ တက်ရောက် ကုသ နေစဉ် အောက်တိုဘာ ၇ရက် နေ့တွင် ယာဉ်ပိုင်ရှင် ၏ ဇနီးဖြစ်သူ က လာရောက် ကာ ယင်း မော်တော်ယာဉ် မောင်းသူ မှာ ဒရိုင်ဘာ မဟုတ် ဘဲ အလုပ်သမား သာ ဖြစ်ကြောင်း၊ မကျေနပ် ပါက အမှု ဖွင့်နိုင်ကြောင်း လာရောက် ပြောဆို ခဲ့ကြောင်း ဒေါ်ကြူကြူမိုး က ပြောကြားသည်။

"ဒီကိစ္စ ကိုယ့်ဆီ ရောက်ပြီးပြီ၊ အဲဒီအမှုကို ကိုင်တဲ့ တာဝန်ရှိသူ ကို ဥပဒေနဲ့ အညီ မလုပ်တဲ့ အတွက် သတိ ပေးထားတယ် (ဝမ်နင်)၊ အဲဒီ ဖြစ်စဉ်မှာ ပါတဲ့သူကို ပြန် ဖမ်းခိုင်း ထားတယ်'' ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ကThe Voice Weekly သို့ ပြောကြားသည်။

မော်တော်ယာဉ် ပိုင်ရှင်နှင့် အတိုက်ခံရသူတို့ ကြား ညှိနှိုင်းရန် လိုအပ်ကြောင်း၊ ယင်းကိစ္စသည် လူနာရှင် ၏ ကျေနပ်မှု အတိုင်းအတာ ပေါ် မူတည်ကြောင်း၊ အမှုက ဖျောက်လို့တော့ မရဘူး၊ အချိန် တစ်ခု စောင့်ရ မည် ဖြစ်ကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးက ဆက်လက် ပြောကြားသည်။

ယာဉ်တိုက်မှု နှင့် ပတ်သက်၍ ယာဉ်မောင်း မဟုတ်သူ၊ ယာဉ်မောင်း လိုင်စင် မရှိသူ၊ ယာဉ် မဆင် မခြင် မောင်းနှင် သူ အောင်အောင် ဆိုသူ ကို ပဲခူး အမှတ်၃ ရဲတပ်ဖွဲ့ စခန်းက ပ/၄၂ဝ၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့