Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 October 2012

**သူငယ်ချင်း ချစ်သူသို့**


တစ်မိုးအောက်မှာ..တစ်ယောက်ထဲသာ..
နှလုံးသားမှာ..သော့ခတ်ကာပင်..
မေတ္တာသက်ဝင်..ချစ်ကျွမ်းဝင်ခဲ့..
နွေပူကန်မှာ..ပန်းကြာပွင့်လေး..
လွမ်းဝေးသလို..မဗေဒါကို..
ပမာပြုကာ..ချစ်သူ့အတွက်..
ကိုယ့်အသက်ကို..မငဲ့ကွက်ပဲ..
ချစ်ခဲ့သော်လဲ..သဲပလ္လင်ပေါ်..
တွဲခေါ်ရမှာ..စိုးရွံ့နေတာ..
ဘာအားနည်းချက်..အနှောက်ယှက်တွေ..
ရှိနေလို့လဲသူငယ်ချင်း...
သူငယ်ချင်းလို..မျိုသိပ်ထားကာ..
ဖြူစင်စွာနဲ့..ခင်မင်တာလဲ..
ကြာခဲ့ပြီလေ..တွေဝေမနေ..
လေပြေလေအေး..ဘေးကပ်တိုက်ခတ်..
အအေးဓာတ်ကို..ပျိုခင်နှမ..
အလိုကျတာ..နှလုံးသားမှာ..
သိနေပါလဲ..ခြေလှမ်းတွေကျဲ..
မ၀ံ့မရဲ..မျက်နှာလွဲကာ..
ရှောင်လွဲခဲ့တာ..ဘာကြောင့်လဲကွယ်..
သူငယ်ချင်းရယ်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့