Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

^_^သူ့ကိုလွမ်းလို့ ပါ^_^


ချစ်သူပြောင်းလဲ မရတဲ့အချိန်အတွက်  ခုချိန်ထိ မမေ့နိုင်တဲ့ချစ်သူအတွက် အမှတ်တရလေးတွေ ပြန်သတိရမိပါတယ်…
ချစ်သူ ဘ၀မှာ လွမ်းကို တစ်ယောက်တည်း ထားခဲ့မယ်ဆိုတာ ကြိုသိခဲ့ရင်ချစ်သူကို စိတ်ဆိုး၊ စိတ်ကောက်ပြီး မခေါ်ဘဲ နေခဲ့တဲ့အချိန်တွေကို ပြန်လိုချင်နေမိပါတယ်…
ချစ်သူ နှစ်ယောက်တည်း ပျော်နေရမဲ့အချိန်မှာချစ်သူကို စိတ်မကောင်းဖြစ်အောင် စကားနိုင်လုခဲ့မိတာတွေကိုလည်း အမှတ်ရနေမိပါတယ်…
ချစ်သူ ဘ၀ကို ထူထောင်ရင် ငွေကြေးပြည့်စုံမှ ဖြစ်မယ်ဆိုပြီး အဝေးမှာချစ်သူအလုပ်လုပ်နေရလို့  ခွဲနေရတဲ့အချိန်တွေကို ပြန်နှမြောမိပါတယ်…
ချစ်သူ ဘ၀မှာ နှစ်ယောက်လက်တွဲပြီး ဆံဖြူသွားကျိုးတဲ့အထိ ချစ်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်အိပ်မက်လေးတွေ ပြိုလဲသွားရတာကိုလည်း  လွမ်းတစ်ကယ်စိတ်မကောင်းဝမ်းနည်းနေမိပါတယ်…
ချစ်သူမမျှော်လင့်ပဲ ခွဲသွားတဲ့ချစ်သူကို လွမ်းနေရတဲ့ရက်တွေနဲ့  ပျော်ရွှင်မှုတွေ ကွယ်ပျောက်သွားတာ ခုချိန်ထိပါပဲ…
ချစ်သူတစ်ကယ်တမ်း အစားထိုးလို့  မရတော့တဲ့ အချစ်တွေက အလွမ်းတွေအဖြစ် ပြောင်းပြီး လွမ်းရက်ရှည်ကြာခဲ့တာ ခုချိန်ထိပါပဲ…
ချစ်သူ…လွမ်းဆီ ပြန်လာအုန်းမလားလို့  မျှော်လင့်ချက်တွေနဲ့  အသက်ရှင်နေရတာ ခုချိန်ထိပါပဲ…
ချစ်သူ့အရိပ်၊ ချစ်သူစကားသံတွေ မြင်ယောင်၊ ကြားယောင်ရင်း အနားမှာ ရှိနေသလို ခံစားနေရတာ ခုချိန်ထိပါပဲ…
ချစ်သူ ကို ဒီဘ၀မှာ ပြန်မတွေ့ ရင်တောင် နောက်ဘ၀မှာ ပြန်တွေ့ ရအောင် လွမ်းကို စောင့်စေချင်မိပါတယ်…
ချစ်သူကို တမ်းတစိတ်နဲ့ အလွမ်း သီချင်းလေးတွေ နားထောင်ရင်း လွမ်းနေရတာကိုလည်းချစ်သူသိစေချင်ပါတယ်…
ချစ်သူ ..တစ်ဏလေးတွေ့ပြီး ခဏလေးခွဲသွားမှာလို့ တစ်ကယ် မထင်မိပါဘူး......
ကံကြမ္မာရယ် ရက်စက်ရာကျလာလို့ဘဲပြောရမလား ချစ်သူ.....
ချစ်သူ နင် နောက်တစ်ယောက်နဲ့ တွဲပြီး ပျော်နေပေမယ်.... လွမ်းစိတ်ထဲမှာတော့ မခံမရပ်နိုင်အောင် ခံစားရတာ ချစ်သူတစ်ယောက် သိနိုင်ပါမလား......
တစ်ကယ်တမ်းတော့ လွမ်းက ချစ်သူအတွက် အဖြည့်ခံလေးပါ......
ချစ်သူ နင်က မချစ်ပေမယ် လွမ်းတော့ ခုချိန်ထိ သိပ်သိပ်ကလေး ချစ်နေတာခဲ့ ၀ဋ်များဖြစ်နေမလား....
ချစ်သူ နင်က မချစ်ပေမယ် လွမ်း ရင်ထဲမှာတော့ အမြဲတမ်း အမှတ်ရနေပါတယ်ချစ်သူ...
တစ်ခါတစ်ခါ ချစ်သူ နေများကောင်းမလာ စိတ်ပူရတဲ့ ဒုက္ခက ချစ်သူ မသိနိုင်ဘူးနော်.....
ချစ်သူ စိတ်ညစ်မှာကို တွေးပြီးကြောက်တဲ့ လွမ်း စိတ်တွေက ဘယ်လို့ မှဖျောက်မရတာက ဒုက္ခတစ်မျိုးပါဘဲနော်.....
ချစ်သူ တစ်ကယ်တော့လည် ချစ်သူပျော်ရွှင်ဖို့ အရာရာ ပေးဆပ်နိုင်ပါတယ် ......
ချစ်သူ စိတ်ညစ်မှာကို မလိုလားလို့ပါ .......

ချစ်သူ နင့်ကို သိပ်သိပ်လေးချစ်ရတာ ရင်မောလှပါပြီ........... ချစ်သူ ပျော်ရွှင်ပါစေလို့ ဆုတောင်းရင် ...........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့