Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

JAC မှ ထုတ်ကုန်များကို ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုမှ တစ်ဦးတည်း ဖြန့်ဖြူးခွင့် ရရှိ


တရုတ်နိုင်ငံမှ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ JAC ကုမ္ပဏီမှ Heavy Duty Truck ကားများကို မြန်မာနိုင်ငံ Aung Gyi Group ကုမ္ပဏီမှ မြန်မာပြည်
တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် အသိအမှတ် ပြုတဲ့ Singing Ceremony လက်မှတ် ထိုးပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ Smmit Parkview ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ JAC ကုမ္ပဏီဟာ Heavy duty Truck ကားတွေကို အမေရိကန်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီလို Truck ကား အမျိုးအစားတွေ၊ ကုန်တင်ကား၊ ကရိန်းသယ်ယာဉ်၊ ကွန်တိန်နာ ယာဉ်တွေကို အောင်ကြီးဂရု(ပ်) ကုမ္ပဏီမှာတင် Brand New ကို ၀ယ်ယူနိုင်တာ ဖြစ်ပြီး ပြည်တွင်းမှာတင် အဆိုပါကားတွေ အတွက် ရောင်းချမှုနဲ့ ၀န်ဆောင်မှု အတွက် စင်တာများပါ ထားရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Truck ကားတစ်စီးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၅၀၀ ကျော် ၀န်းကျင်မှာ ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီလို ၀ယ်ယူမှုတွေနဲ့ ပတ်သက်ပြီး မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် Aung Gyi Group of Companies ရဲ့ ရုံးများဖြစ်တဲ့ ဖားကံ့၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ ထားဝယ်၊ မန္တလေးနဲ့ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေ မှာလည်း Service Center များ ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့