Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 13 October 2012

KNU ခေါင်းဆောင်‭ စော‬ဒေးဗစ်ထော ၏‭ ‬ကျန်းမာရေး အခြေအနေစိုးရိမ်ရ

ကရင်‭ ‬အမျိုးသား အစည်းအရုံး‭ (‬KNU‭) ‬ခေါင်းဆောင်‭ စော‬ဒေးဗစ်ထော သည်‭‬အဆုတ်‭ ‬မကောင်းသဖြင့်‭ ‬မင်္ဂလာဒုံ‭‬စစ်‭‬ဆေးရုံတွင်‭ ‬စိုးရိမ်ဖွယ်‭ ‬အခြေအနေ ဖြစ်နေကြောင်း ၄င်းနှင့် ‭‬နီးစပ်သူများ ထံမှ‭ ‬သိရသည်။‭

" အောက်ဆီဂျင်‭ ‬ပိုက်တွေတော့‭ ‬တပ်ထားရတယ်။ အသက်ရှိ‭ ‬နေပါသေးတယ်‭" ‬ဟုလက်ရှိ‭‬ဆေးရုံ‭ ‬အခြေအနေကို‭ ‬၄င်း၏ ဆွေမျိုး တော်စပ်သူ‭ ‬တစ်ဦးက The Voice Weekly သို့ပြောကြားသည်။‭

ယနေ့ညနေ ၅ နာရီ ခွဲခန့် အချိန်ထိ ရရှိသော သတင်းများ အရ ဦးစောဒေးဗစ်ထောမှာ သတိပြန်လည် ရရှိလာပြီး မိတ်ဆွေ အချို့ကို စကားပြန်လည်ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံသို့သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။

ဦးစောဒေးဗစ်ထောအား သွေးသွင်း ကုသမှု ခံယူရန် အတွက် သရုပ်ဆောင် ဝေဠုကျော် နှင့် သွေးမေတ္တာ အဖွဲ့၊ Myanmar Egress မှ ကျောင်းသားကျောင်းသူ များ၊ ကရင် တိုင်းရင်းသားများ နှင့် သွေးအလှူရှင်များ မှ လာရောက် လှူဒါန်းရန် စာရင်းပေးသွင်းကြသည်။

The Voice Weekly

မင်္ဂလာဒုံစစ် ဆေးရုံတွင် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေသော KNU ခေါင်းဆောင် ဒေးဗစ်ထော အတွက် လိုအပ်သည့် အေသွေးကို လာရောက်လှူဒါန်း နေစဉ်။ ဓါတ်ပုံ - The Voice Weekly

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့