Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

Myanmar Tourism Master Planကို ဒေါ်လာ နှစ်သိန်းကျော် အကုန်အကျ ခံကာ စတင် ဆောင်ရွက်နေ


ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ မြန်မာနိုင်ငံရဲ့ ခရီးသွား ဖွံ့ဖြိုး တိုးတက်မှု အတွက်
အကောင်အထည်ဖော် ဆောင်ရွက်မယ့် Myanmar Tourism Master Plan ရေးဆွဲမှုကို စတင် ဆောင်ရွက် နေပြီး အဆိုပါ Plan တစ်ခုလုံး အတွက်ကိုတော့ အမေရိကန် ဒေါ်လာ နှစ်သိန်းကျော် ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Maseter Plan ကိုတော့ နော်ဝေ နိုင်ငံ အစိုးရမှ ငွေကြေးပိုင်း ဆိုင်ရာ ကူညီ ထောက်ပံ့မှာ ဖြစ်ပြီး နည်းပညာပိုင်း ကိုတော့ အာရ ဖွံ့ဖြိုးရေး ဘဏ်မှ ကူညီ ဆောင်ရွက် ပေးမှာ ဖြစ်ရပါတယ်။

ယခု လက်ရှိမှာ Plan ရေးဆွဲဖို့ အတွက်ကို Myanmar Tourism Master Plan  Project Team မှ ခေါင်းဆောင် ဖြစ်တဲ့ မစ္စတာ ပေါလ်ရော်ဂျာမှ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပြည်တွင်းမှ တာဝန်ရှိ သူများနဲ့ တွေ့ဆုံ ဆွေးနွေး လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ Maseter Plan မှာတော့ မြန်မာနိုင်ငံရှိ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဒေသများမှ ခရီးစဉ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို မထိခိုက်ဘဲ ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။

Plan ရေးဆွဲဖို့ အတွက် ကိုတော့ Project Team မှ တာဝန်ရှိသူ တွေဟာ ယခုလ အတွင်းမှာ အင်းလေး ဒေသကို သွားရောက် လေ့လာမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ကျိုင်းတုံ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ ထားဝယ်၊ ရန်ကုန် စတဲ့ ခရီးစဉ်တွေ အပါအ၀င် မြန်မာနိုင်ငံရဲ့ ပြည်ပ ခရီးသွား အများစု လာရောက်ရာ ဒေသတွေကို သွားရောက် လေ့လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ အဆိုပါ Plan ရေးဆွဲဖို့ကို အချက်အလက်များ စတင် စုဆောင်း နေဆဲဖြစ်ပြီး နောက်ပိုင်းမှာ သတင်း အချက်အလက်များ ထပ်မံ စုဆောင်းခြင်းနဲ့ အစီအစဉ် ရေးဆွဲ အကောင်အထည် ဖော်ခြင်းတွေကို ထပ်မံ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ Master Plan မှာ အာဆီယံ ဒေသအတွင်း နိုင်ငံများ ဆောင်ရွက် လျက်ရှိတဲ့ Stragetic Plan နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် ရေးဆွဲမှာဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ အတွင်းမှာ မူကြမ်း ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Plan အတွက် ကုန်ကျစရိတ် ကိုတော့ နော်ဝေ နိုင်ငံ အစိုးရနဲ့ အာရှ ဖွံ့ဖြိုးရေး ဘဏ်တို့က အမေရိကန် ဒေါ်လာ နှစ်သိန်းကျော် ကုန်ကျဖို့ ခန့်မှန်း ထားတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့